ရန်ကုန်၊ ဇန်န၀ါရီ ၃၀

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် အငှားယာဉ် တက္ကစီများတွင် တပ်ဆင်ထားသော နေကာပစ္စည်းများကို ဇန်န၀ါရီ ၃၁ ရက်အပြီး ဖယ်ရှားပြီးမှ မောင်းနှင်ကြရန် ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ကြေညာထားသည်။

တက္ကစီများတွင် နေကာအဖြစ် အသုံးပြုလျက်ရှိသော ကားမှန်စတေကာများ၊ လေစုပ်ခွက်နေကာများ၊ လိုက်ကာများအပြင် ကြော်ငြာနေကာ တပ်ဆင်ထားခြင်းများအား အမြန် ဖယ်ရှားပေးရမည်ဖြစ်သည်။

ယင်းကြေညာမှုမှာ မကြာသေးမီက ဖြစ်ပွားခဲ့သော အစိုးရ၀န်ထမ်းအမျိုးသမီးတစ်ဦးအား အငှားယာဉ်မောင်းတစ်ဦးက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့မှုပြီး ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ယင်းကဲ့သို့ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ယင်းနေကာပစ္စည်းများအား ဖယ်ရှားဖြုတ်သိမ်းခြင်း မရှိသေးသော အငှားယာဉ် တက္ကစီများကို ဖမ်းဆီးကာ လုပ်ငန်းလိုင်စင်ပိတ်သိမ်းသည်အထိ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ကြေညာထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: