၄၅ ဆက်မြောက် အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံရသူ ဒေါ်နယ်ထရမ့်ပ်
Photo : Chicago Tribune

ရန်ကုန်၊ နိုဝင်ဘာ ၁၀

အမေရိကန် ပြည်ထောင်စု၏ ၄၅ ဆက်မြောက် သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသူ စီးပွားရေးလုပ်ငန်းရှင်နှင့် ရီပက်ဘလီကန် ကိုယ်စားလှယ် ဒေါ်နယ်ထရမ့်ပ်ထံ မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က နိုဝင်ဘာလ ၁၀ ရက်တွင် ဂုဏ်ပြုဝမ်းမြောက်ကြောင်း သ၀ဏ်လွှာများ ပေးပို့ခဲ့သည်။

နိုဝင်ဘာလ ၉ ရက် နေ့စွဲတပ်ထားသည့် အဆိုပါ သ၀ဏ်လွှာများ၌ ဒေါ်နယ်ထရမ့်ပ်အနေဖြင့် ယခုကဲ့သို့ အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံရခြင်းကို ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် နှစ်နိုင်ငံကြား ခိုင်မာသည့် ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများအတွက် နီးကပ်စွာ လုပ်ဆောင်သွားရန် မျှော်လင့်ပါကြောင်း ရေးသားထားကြသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: