ရန်ကုန်၊ ဧပြီ ၈

သာယာဝတီတွင် တရားရင်ဆိုင်နေရသည့် ကျောင်းသားနှင့် ၀န်းရံပြည်သူ ၆၉ ဦးအား တရားရှင် လွှတ်ပေးလိုက်ပြီဖြစ်သောလည်း အခြားသော အမှုများကြောင့် ဆက်လက်ထိန်းသိမ်းခံထားရသည့် ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုနန္ဒာစစ်အောင်၊ ကိုမင်းသွေးသစ်နှင့် မဖြိုးဖြိုးအောင်တို့အား ဧပြီလ ၈ ရက် ည ၁၀ နာရီ မိနစ် ၂၀ တွင် လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ကိုနန္ဒာစစ်အောင်၏ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာပေါ်တွင် ရေးသားထားသည်။

ကျောင်းသားခေါင်းဆောင် ကိုနန္ဒာစစ်အောင်က ၄င်း၏ လူမှုကွန်ရက် ဖေ့ဘုတ်ဖြစ်သည့် Nandar Sitt Aung စာမျက်နှာတွင် "ကျနော်တို့ကို လွှတ်ပြီ၊ ကျနော် ဖြိုးဖြိုး မင်းသွေးသစ် ကိုသန်းထိုက်တို့ကို ၁၀ နာရီ ၂၀ မိနစ်မှာ လွှတ်တာပါ" ဟု ရေးသားထားခြင်း ဖြစ်သည်။

ယင်းမတိုင်မီ နေ့လယ်ပိုင်းကမူ တစ်နှစ်ကျော်ကြာ တရားရင်ဆိုင်နေရသည့် ကျောင်းသားနှင့် ၀န်းရံပြည်သူ ၆၉ ဦးတို့အား တရားရှင်ဖြင့် လွှတ်ပေးခဲ့ပြီးဖြစ်ကာ ၄င်းတို့ သုံးဦးမှာမူ ကျန်ရှိနေခဲ့ခြင်း ဖြစ်သည်။

အလားတူ ဗကသ ဥက္ကဋ္ဌ ကိုကျော်ကိုကိုနှင့် ဂျိမ်းစ် (ခ) ကိုလင်းထက်နိုင်တို့လည်း ပြန်လည် လွတ်မြောက်လာကြပြီ ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: