ရန်ကုန်၊ ဧပြီ ၎

ပြည်ထောင်စုအစိုးရအဖွဲ့ ပညာရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီးများအဖြစ် ဒေါက်တာမျိုးသိမ်းကြီးနှင့် ဦးဖေဇင်ထွန်းတို့အား ခန့်အပ်ရန်အတွက် ဧပြီလ ၄ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် သမ္မတဦးထင်ကျော်က အမည်စာရင်း တင်သွင်းလိုက်သည်။

ယခင်က အစိုးရ ၀န်ကြီးဌာန နှစ်ခုအပါအ၀င် နိုင်ငံခြားရေးနှင့် သမ္မတရုံးဝန်ကြီးတို့ကို ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းက တာဝန်ယူ ထမ်းဆောင်နေခြင်းဖြစ်ပြီး တာဝန်များ ခွဲဝေပေးအပ် ခန့်အပ်ထားရန် အမည်စာရင်း တင်သွင်းလိုက်ခြင်း ဖြစ်သည်။

ဒေါက်တာမျိုးသိမ်းကြီးမှာ ယခင်က အခြေခံပညာ ညွှန်ကြားရေးမှူးချုပ်ဖြစ်ကာ ဦးဖေဇင်ထွန်းမှာ ယခင် လျှပ်စစ်ဝန်ကြီးဌာန၏ အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။

ထို့ပြင် ဦးထွန်းထွန်းဦးအား ပြည်ထောင်စုရှေ့နေ ချုပ်နှင့် ပြည်ထောင်စာရင်းစစ်ချုပ်အဖြစ် ဦးမော်သန်းတို့အား ခန့်အပ်လိုကြောင်းလည်း သမ္မတ ဦးထင်ကျော်က အမည်စာရင်း တင်သွင်းထားသည်။

ယင်းနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးခြင်းများကို ဧပြီလ ၅ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးသွားမည် ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: