2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇွန်လ ၁၀ ရက်အထိ ထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့ရှိသူ ၂၄၆ ဦးရှိပြီး ရောဂါပိုးကင်းစင်သူ ၁၅၉ ဦးထိ ရှိလာပြီဖြစ်ကာ ခြောက်ဦးမှာမူ သေဆုံးခဲ့ပြီး ဖြစ်သည်။ အောက်တွင် ဖော်ပြထားသည့် ဂရက်ဖစ်တွင် ကွယ်လွန်သူ၊ အရေးပေါ်ခန်းတွင် ကုသနေရသူ၊ ဆေးရုံဆင်းသွားသူနှင့် ဆက်လက်ကုသမှု ခံယူနေရသူများ၏ Case No, ကုသနေသည့် ဆေးရုံ၊ နေထိုင်ရာဒေသများကို အရောင်များခွဲ၍ ဖော်ပြထားပါသည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ၁၀ ဇွန်  ၂၀၂၀ ရက်အထိ ထုတ်ပြန်သည့် Coronavirus Disease 2019 (COVID-19) Situation Report ၆၃ စာရင်းများအရ မြန်မာတပြည်လုံးရှိ စောင့်ကြည့်စခန်းပေါင်း ၉၃၀၂ ခုရှိကာ စောင့်ကြည့်ခံလူနာ ၄၆၁၇၂ ဦး ရှိသည်။ ၎င်းတို့အနက် မကွေး၊ ပဲခူး၊ ကချင်၊ ကရင်၊ စစ်ကိုင်းတို့တွင် စောင့်ကြည့်ခံလူနာအရေအတွက် အများဆုံးဖြစ်ကာ ချင်း၊ ကယား၊ ရှမ်း (အရှေ့) တို့တွင် အနည်းဆုံး ဖြစ်သည်။
ယခုအချိန်အထိ ရောဂါပိုးတွေ့ရှိသူ ၁၅၁ ဦးထိ ရှိပြီဖြစ်ကာ ပြန်လည်ကောင်းမွန် သက်သာလာသူ ၃၁ ဦးရှိပြီး ၆ ဦး သေဆုံးခဲ့ပြီ ဖြစ်သည်။