February 2016

Democratic Government & People Desire


ဒီမိုကရေစီ ထမြောက်အောင်မြင်ရန် အရေးကြီးဆုံး လိုအပ်ချက်မှာ ပညာတတ်၍ ဗဟုသုတ အမြော်အမြင်နှင့် ပြည့်စုံသော လူထု၏ ထင်မြင်ချက်ပင် ဖြစ်ပေသည်။ လူထု၏ ထင်မြင်ချက်ကို သတင်းစာများနှင့် အစည်းအဝေးပွဲများမှသာ ရနိုင်ရကား လူထု၌ လွတ်လပ်စွာ ပြောဆိုနိုင်မှုနှင့် သတင်းစာ လွတ်လပ်မှု ရှိရပေမည်။ သတင်းစာတိုက်ကို ချုပ်ချယ်ထားသော် လည်းကောင်း၊ လွတ်လပ်စွာ ပြောဆိုမှု မရှိခဲ့သော်လည်းကောင်း ဒီမိုကရေစိ မရှိနိုင်။ လူထု၏ ထင်မြင်ချက်နှင့် အဆက်အသွယ် ပြတ်သော်လည်းကောင်း၊ လူထု၏ ဆန္ဒအတိုင်း မပြုကျင့်သော်လည်းကောင်း အစိုးရသည် လူထုအစိုးရ မဟုတ်တော့ချေ။ သတင်းစာတိုက်၌လည်း မှန်ကန်၍ မျက်နှာမလိုက်သော သတင်းများကို အစိုးရအားပေးရန် တာဝန်ရှိပေသည်။
Photo by www.couriermail.com.au

ကိုးကား - ပြည်သူ့တာဝန် (ဦးကျော်မင်း - အီအေ၊ ဘီအီးဒီ)
ဖေဖော်ဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ သာစည်စံပြကျေးရွာရှိ အေးငြိမ်းဦး စာကြည့်တိုက် ၁၀ နှစ်ပြည့်နှင့် စာကြည့်တိုက် အဆောက်အဦသစ် ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၂၈ ရက်က ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ စာကြည့်တိုက်သစ် အဆောက်အဦအား အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ ဟေးဝပ်မြို့နေ ဦးအောင်ကျော်+ဒေါ်သန်း သန်းဌေးနှင့် သားသမီးများက မတည်လှူဒါန်းထားခြင်းဖြစ်ပြီး ကာလီဖိုးနီးယားပြည်နယ်၊ ဟပ်ဖ်ဖွန်းဘေး ဓမ္မနန္ဒ၀ိဟာကျောင်းတွင် သီတင်းသုံးနေသည့် ဆရာတော် ဦးသြသဓက သြ၀ါဒစကား မိန့်ကြားခဲ့သည်။

ယင်းနောက် အလှူရှင်များက စာကြည့်တိုက်အဆောက်အဦသစ်အား ဖွဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါ စာကြည့်တိုက်တွင် စာကြည့်တိုက်အသင်းဝင်ထားသူပေါင်း ၅၀၀ ကျော် ရှိသည်။

အောက်ချင်း သတင်းအေဂျင်စီ
ကလေးမြို့၊ သာစည်စံပြကျေးရွာရှိ အသစ်ဖွင့်လှစ်လိုက်သည့် အေးငြိမ်းဦး စာကြည့်တိုက် အဆောက်အဦသစ်။ ဓာတ်ပုံ - ပိုင်စိုး
အေးငြိမ်းဦး အဆောက်အဦသစ်အား မတည် အလှူရှင် မိသားစုမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ်။ ဓာတ်ပုံ - ပိုင်စိုး
အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ ဟပ်ဖ်ဖွန်းဘေး ဓမ္မနန္ဒ၀ိဟာကျောင်းတွင် သီတင်းသုံးနေသည့် ဆရာတော် ဦးသြသဓက သြ၀ါဒစကား မိန့်ကြားစဉ်။ ဓာတ်ပုံ - ပိုင်စိုး
အလှူရှင် မိသားစုနှင့် စာကြည့်တိုက် တာဝန်ရှိသူများ။ ဓာတ်ပုံ - ပိုင်စိုး
စာကြည့်တိုက် ဖြစ်တည်လာပုံနှင့် လစဉ်အလှူရှင်များ စာရင်းအား ကြေညာထားစဉ်။ ဓာတ်ပုံ - ပိုင်စိုး
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

၂၀၁၅ ခုနှစ်၊ ဇူလိုင်လကုန်အတွင်း ဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း ကိုမာန်ကြောင့် ချင်းပြည်နယ်အတွင်းရှိ တောင်ပေါ်ဒေသများတွင် မိုးရွာသွန်းမှု များပြားခဲ့ပြီး မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည်။ မြေပြိုမှု နောက်ဆက်တွဲအနေဖြင့် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ဟန်ကင်းကျေးရွာ အနောက်ဘက် ၇ မိုင်ခန့် အကွာတွင် မြေပြိုဆည်များ ဖြစ်ပေါ်ခဲ့ရာ ၂၀၁၆ ခုနှစ် မိုးရာသီကာလတွင် မိုးရေချိန် မြင့်မားစွာ ရွာသွန်းပါက ဖြစ်ပေါ်လာနိုင်သည့် မြေပြိုကန်များ၏ အန္တရာယ်အား ဒေသခံပြည်သူများက စိုးရိမ်လျက်ရှိသည်။

အဆိုပါ မြေပြိုကန် ဖြစ်တည်လာမှုနှင့် ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေနှင့် အန္တရာယ်များကို သိရှိနိုင်ရန်အတွက် အစိုးရတာဝန်ရှိ သူများကလည်း ကွင်းဆင်းလေ့လာမှုများကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ကုန်မှ ဖေဖော်ဝါရီလဆန်းအထိ ပြုလုပ်ခဲ့ကြပြီး အစီရင်ခံစာများလည်း ထွက်ပေါ်ခဲ့သည်။

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနကလည်း အဆိုပါ မြေပြိုကန်နှင့် ပတ်သက်၍ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ပြီးနောက် ရရှိလာသည့် အစီရင်ခံစာအရ လတ်တလောတွင် မြေပြိုကန်ကြောင့် လတ်တလောတွင် အနီးအနားရှိ ကျေးရွာများနှင့် လူနေအိမ်များအပေါ် ထိခိုက်နိုင်မှု တစုံတရာ မရှိသော်လည်း လာမည့် မိုးရာသီတွင် မိုးရွာသွန်းမှု များပြားပါက ဆည်အတွင်း ရေ၀င်ရောက်မှု များပြားကာ ရေလျှံခြင်းနှင့် ရုတ်တရက် မြေပြိုကန် (ဆည်) ကျိုးပေါက်ခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးထားသည်။

သဘာဝမြေပြိုဆည်ကန်သည် အလျား (၁) မိုင်ကျော် ၊ အနံပေ(၅၀၀)ခန့် ရှိပြီး ရေအနက် ပေ (၂၅၀) ကျော်ခန့်ရှိသည့်အတွက် အဆိုပါမြေပြိုကန် ကျိုးပေါက်၍ တွီလွီချောင်းအတွင်းသို့ စီးဝင်ပါက ရေအရှိန်ကြောင့် ချောင်းဘေး တစ်လျှောက် ကမ်းပါးပြိုခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းတို့ ဖြစ်နိုင်ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၏ အစီရင်ခံစာတွင် ပါရှိပြီး ယင်းရေထုထည်သည် မြေပြိုဆည်နှင့် ၃၂ မိုင်ဝေးသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ ရာဇဂြိုဟ်ဆည်အား ထိခိုက်စေနိုင်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။
ရာဇဂြိုဟ်ဆည် ရေပိုလွှဲ တံခါးပေါက်။ ဓာတ်ပုံ - အောင်ထွန်းလင်း (အောက်ချင်းသတင်းအေဂျင်စီ)
ရာဇဂြိုဟ်ဆည်မှာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းက ရေကြီးရေလျှံမှုဒဏ်ကို ခံခဲ့ရသည့် ဆည်တစ်ခုဖြစ်ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် တောင် သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် သမ္မတဦးသိန်းစိန် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးထားသော ဆည်စီမံကိန်း ဖြစ်သည်။

သို့ပါ၍ မြေပြိုကန်နှင့် ပတ်သက်၍ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဦးစီးဌာနက ဇန်န၀ါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီလ ၃ ရက်အထိ ကိုယ်တိုင်ကွင်းဆင်း လေ့လာခဲ့ပြီး ရေးသားထားသည့် “ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၏ မြေပြိုဆည် ကွင်းဆင်းလေ့လာရေးအစီရင်ခံစာ” စာပါ တွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုထားချက်များအားကို ပြည်သူများ သိရှိနိုင်စေရန်အတွက် အစီရင်ခံစာပါအတိုင်း ဖော်ပြလိုက်ပါသည်။
ရာဇဂြိုဟ် ရေလှောင်တမံ။ ဓာတ်ပုံ - အောင်ထွန်းလင်း (အောက်ချင်းသတင်းအေဂျင်စီ)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၏ “ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၏ မြေပြိုဆည် ကွင်းဆင်းလေ့လာရေးအစီရင်ခံစာ”


တွေ့ရှိချက်


၁၁။ မြေပြိုဆည်အား ကွင်းဆင်းစစ်ဆေးရာတွင် အောက်ပါအချက်များ တွေ့ရှိရပါသည်- (က) လက်ရှိရေ၀င်နှင့် ရေထွက်၏ အချိုးမှာ ( ၃: ၁ ) ခန့် ရှိပါသည်။ (ခ) Over Toping ဖြစ်မှသာ ဆည်ပွင့်၍ တမံသားများ ပြိုကျနိုင်ပါသည်။ (ဂ) ရေစိမ့်ထွှက်နေခြင်းကြောင့် ရုတ်တရက် ပွင့်မထွက်နိုင်ကြောင်းနှင့် တစ်လလျှင် (၄) ပေခန့် ရေစိမ့်ထွက်လျက် ရှိပါသည်။ (ဃ) မြေပြိုဆည်ထုထည်၏ မြေစာပုံမှာ ခန့်မှန်း မြေကျင်းသိန်း(၃၀) ကျော်ခန့် ရှိပါသည်။ (င) သဘာဝမြေပြိုဆည်ကန်သည် အလျား (၁) မိုင်ကျော် ၊ အနံပေ(၅၀၀)ခန့် ရှိပြီး အချို့နေရာများတွှင် ပေ (၂၀၀) ၀န်းကျင်တွင် ရှိပြီး ရေအနက် ပေ (၂၅၀) ကျော်ခန့်ရှိလျှက် ရေစိမ့်ထွက်ပေါက်များ ရှိကြောင်း တွေ့ရှိရပါသည်။ (စ) သဘာဝမြေပြိုဆည်ကန်သည် ထုထည်ပမာဏ ကြီးမားခြင်း၊ သက်နုကျောက်များ၊ သဘာဝ ကျောက်တုံး၊ ကျောက်ခဲများ ရောထွေးနေခြင်းကြောင့် မြေပြိုဆည်ကန်အား ဖျက်ဆီးရန် မလွယ်ကူကြောင်း တွေ့ရှိရပါသည်။

သုံးသပ်ချက်


၁၂။ မြေပြိုဆည်အား ကွင်းဆင်းစစ်ဆေးရာတွင် အောက်ပါအတိုင်း သုံးသပ်ကြပါသည် -

(က) သဘာဝမြေပြိုဆည်ကန်သည် အပေါ်ရေစိမ့်ထွက်နေမှု အခြေအနေနှင့် ရေအောက်မှ ရေစိမ့်ထွက်မှု အနေအထားများအရ မိုးမရွာသောကာလ (ယခုလို ပွင့်လင်းရာသီ) တွင် ဆည်မှ ရေများသည် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ၊ လူနေအိမ်များအပေါ် ထိခိုက်နိုင်သည့်အနေအထားမရှိကြောင်း လေ့လာတွေ့ရှိချက်အရ သိရှိရပါသည်။

(ခ ) သဘာဝမြေပြိုဆည်ကန်မှ ရေများသည် တဖြည်းဖြည်း ချင်း လျော့နည်းလာသည့် အတွက် နောက်ထပ် မိုးမရွာမီကာလအထိ အန္တရာယ် တစ်စုံတစ်ရာ ဖြစ်ပေါ်လာနိုင်ခြင်း မရှိကြောင်း လေ့လာ သုံးသပ်မိပါသည်။ သို့သော် မိုးရာသီ မိုးရွာသွန်းမှုများပြားလာသော အခါများတွင် သဘာဝဆည်ကန်အတွင်း မိုးရေစီးဝင်မှုများပြား၍ Over Top ရေလျှံခြင်းများ၊ ရုတ်တရက် ဆည်ကျိုးပေါက်နိုင်မှုများ ဖြစ်ပေါ် လာနိုင်ဖွယ်ရာရှိသည်ဟု လေ့လာသိရှိရပါသည်။

( ဂ ) လက်ရှိ ဆည်ရေထုထည်သည် ကြီးမားသဖြင့် တွီလွီချောင်းအတွင်း စီးဝင်မှုဖြစ်ပေါ်ပါက ရေ၏ အရှိန်ကြောင့် ပတ်ဝန်းကျင်ချောင်းဘေး တစ်လျှောက် ကမ်းပြိုခြင်းများ၊ တောင်ပြို ခြင်းများ၊ မြေပြိုမှုများ ဖြစ်ပေါ်နိုင်သည်ကို လေ့လာသိရှိရပါသည်။

(ဃ) မြေပြိုဆည်မှ ရေထုထည်သည် (၃၂) မိုင်ခန့် ဝေးသော ရာဇဂြိုလ် ဆည်သို့ ရောက်ရှိနိုင်သဖြင့် အချိန်မီသိရှိခြင်းမရှိပါက ရာဇဂြိုလ်ဆည်အား ဒုက္ခပေးနိုင်ပါသည်။
ရာဇဂြိုဟ် ရေပိုလွှဲပေါက်နှင့် နိရဉ္ဇရာမြစ်။ ဓာတ်ပုံ - အောင်ထွန်းလင်း (အောက်ချင်းသတင်းအေဂျင်စီ)
( င ) လာမည့်မိုးရာသီတွင် မိုးများခြင်း၊ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများဖြစ်ပေါ်မှု များပါက မြေပြိုဆည်အတွင်း ရေ၀င်ရောက်မှု များပြား၍ ဆည်ရေကျော်ကျနိုင်ပြီး ရာဇဂြိုလ်ဆည်အား အန္တရာယ်ပေးနိုင်ပါသည်။ (နုန်းများ၊ ကျောက်တုံးများအပါအ၀င်)

( စ ) ချင်းပြည်နယ်သည် မိုးရွာသွန်းမှုများပြား၍ သဘာဝဆည်ကန်အတွင်း စီးဝင်လာပါက ရေ၀င်များပြီး ရေထွက်မှု နည်းပါးပါက ဆည်ကန်ကျိုးပေါက် နိုင်၍ အနီးပတ်ဝန်းကျင် ကျေးရွာများ အန္တရာယ် ကြုံတွေ့နိုင်သဖြင့် ဆည်ကန်အတွင်း ရေများလာပါက မြေနိမ့်သော နေရာများမှ ရေထွက်နိုင်စေ ရန် ဘူမိဗေဒဌာန၊ ဆည်မြောင်းဩးစီးဌာန(စီမံကိန်း) ရေအရင်းမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ နောင်တွင် အန္တရာယ် မဖြစ်စေရန် ( Long Term Plan) ချမှတ် စီမံဆောင်ရွက်သင့်ပါသည်။

(ဆ) ချင်းပြည်နယ်အတွင်းရှိ တောင်ကုန်း၊ တောင်တန်းများသည် ဘူမိဗေဒသဘောအရ မြေသားတည်ငြိမ်မှု မရှိခြင်းကြောင့် သဘာဝ တောင်ပြိုဆည်ကန်များသည် ခန့်မှန်း တွက်ချက်မရဘဲ အခြေအနေ၊ အချိန်အခါမရွေး ကျိုးပေါက်ပျက်စီးနိုင်သဖြင့် ပတ်ဝန်းကျင်ရှိ ရပ်ရွာလူထု၏ အကျိုးစီးပွား (Community) ထိခိုက်နစ်နာပျက်စီး ဆုံးရှုံးမှု လျော့နည်းနိုင်သ မျှ လျော့နည်းစေရန် (Early Warning) ကြိုတင်သတိပေး စနစ်တစ်ခု တည်ထောင်ထားသင့်ပါသည်။
၂၀၁၅ ခုနှစ် ဇူလိုင်နှင့် သြဂုတ်လအတွင်း ရေကြီးရေလျှံမှုနှင့်အတူ မျောပါကာ ရာဇဂြိုဟ်ဆည်အတွင်း ပိတ်မိနေသည့် သစ်ပင်၊ သစ်တုံးများအား ဖြတ်တောက်ထားစဉ်။ ဓာတ်ပုံ - အောင်ထွန်းလင်း (အောက်ချင်းသတင်းအေဂျင်စီ)

အကြံပြုချက်


၁၃။ သဘာဝမြေပြိုဆည်ကန်၏ အောက်ဘက်တွင် တည်ရှိနေသော ကျေး ရွာများသည် မိုးရွာသည်နှင့် မိုးရေများ တောက်လျှောက်စီးဝင်နိုင်ပြီး ၄င်းမြေပြိုဆည်ကန်မှ Over Top ဖြစ်၍ ရေလျှံလာပါက ချောင်းအောက် ဘက်ရှိ ကျေးရွာများတွင် လျှပ်တစ်ပြက် ရေကြီးမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ၄င်းဆည်ကန် နှင့်ဆက်စပ်နေသော ပတ်ဝန်းကျင်ကျေးရွာများတွင် (မီးဘေး၊ ရေဘေး၊ မြေပြိုဘေး) သဘာဝဘေး အန္တရာယ်များအကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနအပါအ၀င် သက်ဆိုင်ရာ ဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ၊ UN/ INGO အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး အသိပညာ ပေးသင့်ပါသည်။

၁၄။ သဘာဝမြေပြိုဆည်ကန်များကို ရေရှည်သဘာဝအတိုင်းထားရှိခြင်းမှာ ပတ်ဝန်းကျင်အတွက် တစ်ချိန်ချိန်တွင် အန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပေါ် လာနိုင်သဖြင့် နိုင်ငံရပ်ခြားတိုင်းပြည်များမှ ကျွမ်းကျင်သော အသိပညာရှင်များ၊ အတတ်ပညာရှင်များ ဖိတ်ကြား၍ ၄င်းပညာရှင်များ၏ အကြံပြုချက်၊ သဘော ထားမှတ်ချက်များ ရယူသင့်ပါသည်။

၁၅။ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်အတွင်း ရှိ တောင်ပေါ်ဒေသများ မြေပြိုဘေးအန္တရာယ်များ မဖြစ်ပွားစေရန် ကြိုတင် ကာကွယ်သောအားဖြင့် သဘာဝသစ်တောများကို စည်းကမ်းမဲ့ခုတ်လှဲခြင်း မပြုရန် ဒေသခံပြည်သူလူထုအား အသိပညာပေးခြင်း၊ စဉ်ဆက်မပြတ် လှုံ့ဆော် ပညာပေးခြင်း၊ သားစဉ်မြေးဆက် ထိန်းသိမ်းကာ ကွယ်စောင့်ရှောက်ခြင်းများကို တာဝန်ရှိသူများမှ ကြီးကြပ်ကွပ်ကဲ လမ်းညွှန်ပေးသင့်ပါသည်။

၁၆။ သဘာဝမြေပြိုဆည်များအနေဖြင့် အန္တရာယ်အပြုနိုင်ဆုံးနေရာမှာ ရာဇဂြိုလ်ဆည်ဖြစ်၍ ဟန်ကင်ကျေးရွာတွင် ဆည်များနှင့်ပတ်သက် ၍ ဖြစ်ပေါ်မှုကို သိရှိနိုင်စေရန် IP Star (သို့မဟုတ်) CDMA အထိုင်ဖုန်းများထားရှိ၍ ကြိုတင်သတိပေးစနစ် ထားရှိရန်လိုအပ်ပါမည်။

၁၇။ မြေပြိုဆည်၏ ရေလျှံရာမှ ကျိုးပေါက်မှု မဖြစ်ပေါ်စေရန်အတွက် ဆည်ဘောင်၏ အနိမ့်ဆုံးနေရာမှ ရေပိုလွှဲထွက်ပေါက်တစ်ခု ပြုလုပ်ထားသင့်ပါသည်။

ကွင်းဆင်းလေ့လာရေးအဖွဲ့ (ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန)
ရာဇဂြိုဟ်ဆည်။ ဓာတ်ပုံ - အောင်ထွန်းလင်း (အောက်ချင်းသတင်းအေဂျင်စီ)

အောက်ချင်း သတင်းအေဂျင်စီ

Poor & Government Duty


ပြည်သူပြည်သားကောင်း ဖြစ်ရန်အလို့ငှာ အနှောင့်အယှက်ဖြစ်သည့် အကြောင်းအရာများ၌ ဆင်းရဲခြင်းသည် အချက်တစ်ခုအနေဖြင့် ပါဝင်ပေသည်။

ပစ္စည်းဥစ္စာမရှိ၍ ဆင်းရဲက ကောင်းသော အပေါင်းသင်းစု မဖြစ်နိုင်။ ဆင်းရဲခြင်းကြောင့် ရာဇ၀တ်မှု အမျိုးမျိုးဖြစ်ပွား၏။ တစ်နေ့လျှင် ထမင်းနှစ်နပ်မှ မှန်မှန်မစားနိုင်သူသည် အပြစ်အမျိုးစုံကို ကျူးလွန်ရန် ၀န်မလေးတော့ပေ။ လိမ်လည်ခြင်း၊ ခိုးယူခြင်း၊ ဓားပြတိုက်ခြင်း အစရှိသည်တို့မှာ သူ့အဖို့ ၀န်လေးတော့မည် မဟုတ်ချေ။ နိုင်ငံ၏ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တကို မြဲမြံအောင် တည်ဆောက်ရန်အလို့ငှာ အလွန်အမင်း ဆင်းရဲခြင်း (ဆင်းရဲမွဲတေမှု) ကို ပပျောက်စေ၍ ပြည်သူပြည်သားတိုင်း လူတန်းစေ့ နေနိုင်မည့် အနည်းဆုံးသော ၀င်ငွေကို အစိုးရက အာမခံရပေလိမ့်မည်။

ကိုးကား - ပြည်သူ့တာဝန် (ဦးကျော်မင်း - ဘီအေ၊ ဘီအီးဒီ)
ဓာတ်ပုံ - www.pinterest.com
ကလေး၊ ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများအား ကလေးမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ လျှပ်စစ်စက်ရုံမှ ၆၆ ကေဗွီ ဓာတ်အားဖြန့်ဖြူးပေးမှုအား ဖေဖော်ဝါရီလ ၂၇ ရက်၊ ညနေ ငါးနာရီခွဲခန့်က ပြုလုပ်ခဲ့ရာ သမ္မတဦးသိန်းစိန် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။

ယင်းဖွင့်လှစ်ပွဲမတိုင်ခင်ကလည်း ရာဇဂြိုလ်ဆည်၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းတို့ကိုလည်း ဖွင့်လှစ်ပေးခဲ့သေးသည်။

ဓာတ်အားဖြန့်ဝေခြင်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ရန် ပြင်ဆင်ထားစဉ်။ ဓာတ်ပုံ - ကိုမောင် (အောက်ချင်း သတင်းအေဂျင်စီ)
ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးရန် သမ္မတဦးသိန်းစိန် ရောက်ရှိလာစဉ်။ ဓာတ်ပုံ - ကိုမောင် (အောက်ချင်း သတင်းအေဂျင်စီ)
သမ္မတ ဦးသိန်းစိန်။ ဓာတ်ပုံ - ကိုမောင် (အောက်ချင်း သတင်းအေဂျင်စီ)
လျှပ်စစ်ဓာတ်အား အောင်မြင်စွာ ဖြန့်ဖြူးလိုက်ပြီဖြစ်ကြောင်း စက်ရုံဝင်းအတွင်း စိုက်ထူထားသည့် LED ဘုတ်တွင် ကြေညာနေစဉ်။ ဓာတ်ပုံ - ကိုမောင် (အောက်ချင်း သတင်းအေဂျင်စီ)
ဓာတ်ပုံ - ကိုမောင် (အောက်ချင်း သတင်းအေဂျင်စီ)
လျှပ်စစ် ဖြန့်ဖြူးခြင်း အခမ်းအနားနှင့် ဒေသခံ ပြည်သူများ။ ဓာတ်ပုံ - ကိုမောင် (အောက်ချင်း သတင်းအေဂျင်စီ)
လျှပ်စစ် ဖြန့်ဖြူးခြင်း အခမ်းအနားတွင် မြန်မာ့ရိုးရာ ဆင်အကဖြင့် ဧည့်ခံနေစဉ်။ ဓာတ်ပုံ - ကိုမောင် (အောက်ချင်း သတင်းအေဂျင်စီ)
လျှပ်စစ် ဖြန့်ဖြူးခြင်း အခမ်းအနားတွင် ချင်းရိုးရာ ဝါးညှပ်အကဖြင့် ဧည့်ခံနေစဉ်။ ဓာတ်ပုံ - ကိုမောင် (အောက်ချင်း သတင်းအေဂျင်စီ)
ကလေး၊ ဖေဖော်ဝါရီ ၂၇

သမ္မတဦးသိန်းစိန်၏ စစ်ကိုင်းတိုင်းခရီးစဉ် ဒုတိယမြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၂၇ ရက်က ကလေးမြို့၊ ပင်လုံလမ်းမပေါ်ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းအား နေ့လယ် ၃ နာရီ ၁၅ မိနစ်အချိန်က သမ္မတဦးသိန်းစိန် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ယင်းဖွင့်လှစ်ပွဲမတိုင်မီ နံနက်ပိုင်းကလည်း ရာဇဂြိုဟ်ဆည်အား တက်ရောက် ဖွင့်လှစ်ပေးခဲ့သေးသည်။
သင်တန်းကျောင်း အဝင်ဝနှင့် လုံခြုံရေး ယူထားသူများ။ ဓာတ်ပုံ - ဒီလင်းခေတ် (အောက်ချင်း သတင်းအေဂျင်စီ)
လုံခြုံရေး ယူထားသူများနှင့် သင်တန်းကျောင်းဖွင့်ပွဲအား လာရောက်ကြည့်ရှုနေသည့် ကလေးမြို့ခံ ပြည်သူများ။ ဓာတ်ပုံ - ဒီလင်းခေတ် (အောက်ချင်း သတင်းအေဂျင်စီ)
သမ္မတဦးသိန်းစိန် ယာဉ်တန်း၏ လမ်းရှင်းယာဉ်ထိန်းရဲ တပ်ဖွဲ့။ ဓာတ်ပုံ - ဒီလင်းခေတ် (အောက်ချင်း သတင်းအေဂျင်စီ)
ကလေးမြို့ခံပြည်သူများအား နှုတ်ဆက်နေသည့် သမ္မတ ဦးသိန်းစိန်။ ဓာတ်ပုံ - ဒီလင်းခေတ် (အောက်ချင်း သတင်းအေဂျင်စီ)
သင်တန်းကျောင်းဖွင့်ပွဲအား စိတ်ဝင်တစား လာရောက်အားပေး ကြည့်ရှုနေသည့် ကလေးမြို့ဒေသခံများ။ ဓာတ်ပုံ - ဒီလင်းခေတ် (အောက်ချင်း သတင်းအေဂျင်စီ)
သင်တန်းကျောင်းဖွင့်ပွဲ အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံ ရိုက်ကူးနေကြစဉ်။ ဓာတ်ပုံ - ပိုင်စိုး
ကလေး၊ ဖေဖော်ဝါရီ ၂၇

နိရဉ္ဇရာမြစ်ပေါ်တွင် တည်ဆောက်ထားသော စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ ရာဇဂြိုဟ် ရေလှောင်တမံ ဘက်စုံစီမံကိန်း အား ဖေဖော်ဝါရီလ ၂၇ ရက်က သမ္မတဦးသိန်းစိန် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ ရာဇဂြိုဟ်ဆည်ကို ယခင်က ၂၀၁၆ ခုနှစ် ဇန်န၀ါရီလအတွင်း ဖွင့်လှစ်ရန် ရည်မှန်းထားသော်လည်း ၂၀၁၅ ခုနှစ် ဇူလိုင်၊ သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဆည်အတွင်း တောင်ကျရည် စီးဝင်ခြင်းကြောင့် ပြန်လည် ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့ရသည့်အတွက် ယခုကဲ့သို့ နောက်ကျမှ ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အောက်ချင်းသတင်းအေဂျင်စီ
ရာဇဂြိုဟ်ဆည် ရေပိုလွှဲပေါက်အနီး ရပ်နားထားသည့် သမ္မတဦးသိန်း၏ ရဟတ်ယာဉ်။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်းသတင်းအေဂျင်စီ)
ဆည်ဖွင့်ပွဲ အခမ်းအနား မုခ်ဦး။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်းသတင်းအေဂျင်စီ)
သမ္မတဦးသိန်းစိန်နှင့် ကြိုဆိုနေသူများ။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်းသတင်းအေဂျင်စီ)
သမ္မတဦးသိန်းစိန်။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်းသတင်းအေဂျင်စီ
သမ္မတဦးသိန်းစိန်၏ လုံခြုံရေးယာဉ်တန်း။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်းသတင်းအေဂျင်စီ)
ရာဇဂြိုဟ်ဆည်ဖွင့်ပွဲအတွက် အလှဆင်ထားသည့် မြင်ကွင်း။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်းသတင်းအေဂျင်စီ)
ရာဇဂြိုဟ်ဆည် ကမ္ဗည်းမော်ကွန်း။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်းသတင်းအေဂျင်စီ)
ရာဇဂြိုဟ် ရေလှောင်တမံဆိုင်းဘုတ်နှင့် ဖွင့်ပွဲ တက်ရောက်လာသည့် ပြည်သူများ။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်းသတင်းအေဂျင်စီ)
ရာဇဂြိုဟ်ဆည်။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်းသတင်းအေဂျင်စီ)
ရာဇဂြိုဟ်ဆည် ဖွင့်ပွဲနှင့် ချင်းတိုင်းရင်းသားရိုးရာဝတ်စုံနှင့် လုံမငယ်နှစ်ဦး။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းအနီးတွင် မြန်မာ့တပ်မတော် (ရေ) မှ ပင်လယ်ပြင် လက်တွေ့စစ်ရေးလေ့ကျင့်နေစဉ် ယင်းနေရာသို့ အမျိုးအစား စိစစ်ဆဲ မြန်နှုန်းမြင့်လေယာဉ် သုံးစီး ဖြတ်သန်းခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာထားသည်။

လူမှုကွန်ရက် Facebook ရှိ တပ်မတော်၏ ဆောင်ရွက်နေမှုများအား ဖော်ပြနေသည့် “တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး” စာမျက်နှာတွင် ဖေဖော်ဝါရီလ ၂၇ ရက်က အဆိုပါကိစ္စနှင့် ပတ်သက်၍ ကြေညာထားခြင်း ဖြစ်သည်။
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး Facebook
“တပ်မတော်(ရေ) စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှုလေ့ ကျင့်ခန်း (Combined Fleet Exercise- Sea Shield 2016) ကို ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်မှ မတ်လ ၂ ရက်နေ့အထိ သတ်မှတ်ဧရိယာ ဖော်ပြ၍ လေ့ကျင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့အစည်းများ၊ သက်ဆိုင်ရာ စစ်သံရုံးများ၊ ပြည်တွင်းသတင်းဌာနများမှ ကြိုတင်သတင်းထုတ်ပြန် အကြောင်းကြားခဲ့ပြီး ဖြစ်ပါသည်။ ယင်းလေ့ကျင့်ခန်း ဆောင်ရွက်နေစဉ် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ၁၆၂၈ နာရီမှ ၁၆၃၇ နာရီအတွင်း မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၃.၄ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၄.၅၄ မိနစ်၊ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၂.၃ မိနစ်၊ အရှေ့လောင် ဂျီတွဒ် ၉၃ ဒီဂရီ ၀၄ မိနစ် နေရာများသို့ အမျိုးအစားစိစစ်ဆဲ မြန်နှုန်းမြင့် လေ ယာဉ် ၃ စီး မြောက်ဘက်အရပ်မှ တောင်ဘက်အရပ်သို့ ၀င်ရောက်ပျံသန်းခဲ့ကြောင်း စိစစ်သိရှိရပါသည်” ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာထားသည်။

တပ်မတော် (ရေ) မှ လက်တွေ့စစ်ရေးလေ့ကျင့်ခြင်း ပြုလုပ်ရန်အတွက် Point A မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၆ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၆ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၆ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၃ မိနစ်၊ Point C မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင် ဂျီတွဒ် ၉၄ ဒီဂရီ ၃၃ မိနစ်၊ Point D မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၆ မိနစ် စသည့် Coordinates အမှတ်များ အား ဆက်ဆွဲထားသည့် ဧရိယာအား စစ်ရေးလေ့ကျင့်ခန်းပြုလုပ်မည့် ဧရိယာအဖြစ် သတ်မှတ်ထားခြင်းဖြစ်ပြီး ရေကြောင်းသတိပေး ချက်နှင့် လေကြောင်းသတိပေးချက်တို့ကိုလည်း ဖေဖော်ဝါရီလ ၂၂ ရက်က ထုတ်ပြန်ကြေညာထားသည်။

ထို့ပြင် ယင်းသတ်မှတ်ဧရိယာမှ ငါးမိုင်ပတ်လည်အတွင်း သင်္ဘောကြီး/ငယ်များ၊ ကုန်တင်/စက်လှေများ၊ ငါးဖမ်း သင်္ဘောများ၊ စက်တပ်သမ္ဗန်များဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်းမရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅၀၀၀ (တစ်သောင်းငါးထောင်)အောက် ဖြတ်ကျော်ပျံသန်းခြင်း မပြုကြရန်လည်း တားမြစ်ထားပြီး ဖြစ်သည်။

သတ်မှတ်ဧရိယာအတွင်း တပ်မတော် (ရေ) မှ လေ့ကျင့်ခန်း ပြုလုပ်နေစဉ် အမြောက်၊ ဒုံးပျံ ပစ်ခတ်လေ့ကျင့်မှုများ ပါရှိမည်ဖြစ်သဖြင့် မလိုလားအပ် သည့် ဖြစ်စဉ်များ မဖြစ်ပေါ်စေရေးအတွက် ထပ်မံအသိပေး အကြောင်း ကြားမှုများ ဆက်လက်ဆောင်ရွက်သွားရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

အောက်ချင်း သတင်းအေဂျင်စီ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၏ "နိုင်ငံတော်အစိုးရက ရွေးကောက်ပွဲ ပြီးနောက်ပိုင်း ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ စက်ရုံများ၊ စီးပွားရေးလုပ်ငန်းများ အလျင်စလို ငှားရမ်းရောင်းချလွှဲပြောင်းမှု၊ ပုဂ္ဂလိကပိုင် ပြုလုပ်မှု၊ စီမံကိန်းများကို နေရာတကျ မစီမံပဲ အဆောတလျင် ခွင့်ပြုနေမှု၊ ကျူးကျော်မှုများကို အဓမ္မဖယ်ရှားမှု၊ နိုင်ငံပိုင်သယံဇာတများကို လိုအပ်သော ဆောင်ရွက်မှုများ၊ သဘောတူညီမှုများ မပြုလုပ်ဘဲ အစိုးရတာဝန် မလွှဲပြောင်းမီ အလျင်အမြန် စီမံခန့်ခွဲနေမှု စသည်တို့ကို နိုင်ငံတ်ေနှင့် နိုင်ငံသားတို့အကျိုးအတွက် အသေးစိတ် စိစစ်ဟန့်တား၍ ထိန်းကြောင်းတည့်မတ်ပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း" အဆိုနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၂၆ ရက်က အဆိုတင်သွင်းခဲ့သည်။

ယင်းအဆိုနှင့် ပတ်သက်၍ စေတုတ္ထရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်က ဆွေးနွေးရာတွင် ၄င်း၏ ဆွေးနွေးချက်အချို့မှာ အချက်အလက်များ မှားယွင်းနေသည့်အတွက် တပ်မတော်သား ကိုယ်စားလှယ်များက ယင်းဆွေးနွေးမှုများကို မှတ်တမ်းတင်ထားခြင်းမှ ပယ်ဖျက်ပေးရန် ယင်းနေ့တွင်ပင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ကန့်ကွက်လွှာ တင်သွင်းထားသည်။

ကန့်ကွက်လွှာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။



အောက်ချင်း သတင်းအေဂျင်စီ
ပါတီစိတ်ဓာတ်သည် ပြည်သူပြည်သားကောင်း ဖြစ်ရာ၌ အနှောင့်အယှက် ကြီးတစ်ခု ဖြစ်ပေသည်။ နိုင်ငံရေးပါတီစနစ်သည် ဒီမိုကရေစီနိုင်ငံ၌ မရှိလျှင်မဖြစ်။ မုချရှိရပေမည်။ သို့ရာတွင် နိုင်ငံရေးပါတီများသည် လူတစ်မျိုးလုံး၊ တစ်နိုင်ငံလုံး ကောင်းရာကောင်းကျိုးအတွက် ဖွဲ့စည်းထားသော အဖွဲ့များဖြစ်ကြောင်းကို အများအားဖြင့် သတိမထားကြချေ။ အများအကျိုးအဖို့ ဖွဲ့စည်းထားသည်ကို သတိမထားသည်သာမက ပါတီဆိုသည်မှာ နိုင်ငံအဖို့မဟုတ်ဘဲ ပါတီဝင်၊ ပါတီသမားများအဖို့သာ ဖြစ်သည်ဟု ယူဆလာကြလေသည်။

ဤအယူအဆ၊ ဤ၀ါဒကြောင့် ရာထူးလုမှုများ၊ မသမာမှုများနှင့် ကြောက်စ ရာကောင်းသော အင်အားပြိုင်ဆိုင်မှုများ ပေါ်ပေါက်လာလေသည်။ အများအကျိုးဟု ဆိုအပ်သော “ပြည်သူ့တာဝန်” ကို မေ့လျော့၍ တစ်ကိုယ်ကောင်းသမားသာလျှင် ခေတ်စားလာလေသည်။ လူအများ၏ ထိုသို့သော ဖောက်ပြန်မှုပင်လျှင် လူမျိုးကို ပျက်စီးရာ ပျက်စီးကြောင်း၊ နိုင်ငံ၏ ပျက်စီးရာ ပျက်စီးကြောင်းပေတည်း။ ထို့ကြောင့် နည်းလမ်းမမှန်သော နိုင်ငံရေး ပါတီစိတ်ဓာတ်သည် ပြည်သူပြည်သားကောင်းဖြစ်ရာ၌ အနှောင့်အယှက်ကြီးတစ်ရပ် ဖြစ်ပေသည်။

ကိုးကား - ပြည်သူ့တာဝန် (ဦးကျော်မင်း - ဘီအေ၊ ဘီအီးဒီ)
ကလေး၊ ဖေဖော်ဝါရီ ၂၇

မကြာမီ ဖွင့်လှစ်တော့မည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှ ရာဇဂြိုဟ်ဆည်



မကြာမီ ဖွင့်လှစ်တော့မည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှ ရာဇဂြိုဟ်ဆည်ရိုက်ကူး - အောင်ထွန်းလင်း (အောက်ချင်း သတင်းအေဂျင်စီ)
Posted by The Hornbill News Agency on Friday, February 26, 2016
ရိုက်ကူး - အောင်ထွန်းလင်း (အောက်ချင်း သတင်းအေဂျင်စီ)
ကလေး၊ ဖေဖော်ဝါရီ ၂၆

သမ္မတဦးသိန်းစိန်၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်း လှည့်လည်စစ်ဆေးမှု ပထမခရီးစဉ်အဖြစ် ၂၆-၂-၂၀၁၆ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ကလေးဝမြို့နယ်၊ သစ်ချောက်ရွာအနီးရှိ မြစ်သာမြစ် ပြန်လည်တူးဖော်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့စဉ်။ ယင်းသို့ စစ်ဆေးခဲ့ပြီးနောက် ကလေးဝနှင့် ကိုင်းရွာအနီး ဖြတ်သန်းဆောက်လုပ်နေသည့် ချင်းတွင်းမြစ်ကူးတံတား ဆောက်လုပ်နေမှု အခြေအနေများကိုလည်း ရဟတ်ယာဉ်ဖြင့် လှည့်လည် စစ်ဆေးခဲ့သေးသည်။

ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်းသတင်းအေဂျင်စီ)
သမ္မတဦးသိန်းစိန်အား ကြိုဆိုနေကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ (ဓာတ်ပုံ - သန့်ဇင်ဆွေ : အောက်ချင်းသတင်းအေဂျင်စီ)
လုံခြုံရေး ယူထားသူများ (ဓာတ်ပုံ - သန့်ဇင်ဆွေ : အောက်ချင်းသတင်းအေဂျင်စီ)
ကြိုဆိုနေကြသူများ (ဓာတ်ပုံ - သန့်ဇင်ဆွေ : အောက်ချင်းသတင်းအေဂျင်စီ)
ကြိုဆိုနေကြသူများ (ဓာတ်ပုံ - သန့်ဇင်ဆွေ : အောက်ချင်းသတင်းအေဂျင်စီ)
ရဟတ်ယာဉ်ပေါ်မှ ဆင်းလာသည့် သမ္မတဦးသိန်းစိန် (ဓာတ်ပုံ - သန့်ဇင်ဆွေ : အောက်ချင်းသတင်းအေဂျင်စီ)
သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ - သန့်ဇင်ဆွေ : အောက်ချင်းသတင်းအေဂျင်စီ)
သမ္မတဦးသိန်းစိန် စီးနင်းလာသော ရဟတ်ယာဉ်နှင့်အတူ တွေ့ရသည့် စစ်ရဟတ်ယာဉ် (ဓာတ်ပုံ - သန့်ဇင်ဆွေ : အောက်ချင်းသတင်းအေဂျင်စီ)
မြစ်သာမြစ် ပြန်လည်တူးဖော်ခြင်း လုပ်ငန်းခွင် ဓာတ်ပုံ - သန့်ဇင်ဆွေ : အောက်ချင်းသတင်းအေဂျင်စီ)
သမ္မတ ဦးသိန်းစိန် လှည့်လည်ကြည့်ရှုခဲ့သည့် ဆောက်လုပ်ဆဲ ချင်းတွင်းမြစ်ကူး တံတား (ဓာတ်ပုံ - သန့်ဇင်ဆွေ : အောက်ချင်းသတင်းအေဂျင်စီ)
သမ္မတ ဦးသိန်းစိန် လှည့်လည်ကြည့်ရှုခဲ့သည့် ဆောက်လုပ်ဆဲ ချင်းတွင်းမြစ်ကူး တံတား (ဓာတ်ပုံ - သန့်ဇင်ဆွေ : အောက်ချင်းသတင်းအေဂျင်စီ)
သမ္မတ ဦးသိန်းစိန် လှည့်လည်ကြည့်ရှုခဲ့သည့် ဆောက်လုပ်ဆဲ ချင်းတွင်းမြစ်ကူး တံတား (ဓာတ်ပုံ - သန့်ဇင်ဆွေ : အောက်ချင်းသတင်းအေဂျင်စီ)
သမ္မတ ဦးသိန်းစိန် လှည့်လည်ကြည့်ရှုခဲ့သည့် ဆောက်လုပ်ဆဲ ချင်းတွင်းမြစ်ကူး တံတား (ဓာတ်ပုံ - သန့်ဇင်ဆွေ : အောက်ချင်းသတင်းအေဂျင်စီ)
ရဟတ်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာတော့မည့် သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ - သန့်ဇင်ဆွေ : အောက်ချင်းသတင်းအေဂျင်စီ)