ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

GDP အပေါ် အခြေခံတွက်ချက်သည့်၍ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်း (၂၀၁၅) ကို Asian Ranking မှ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံမှာ အာရှဒေသအတွင်း ဒုတိယမြောက် အဆင်းရဲဆုံး နိုင်ငံအဖြစ် ဖော်ပြခံထားရသည်။

Asian Ranking မှာ အာရှနိုင်ငံများ၏ ကဏ္ဍအသီးသီးအဆင့်များကို ဆန်းစစ်အစီရင်ခံ ဖော်ပြခဲ့ရာတွင် မြန်မာနိုင်ငံသားများ၏ တစ်ဦးချင်း ထုတ်လုပ်မှု GDP မှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၇၁၁ သာရှိပြီး မြန်မာ၏ နောက်တွင် အာဖဂန်နစ္စတန်နိုင်ငံသာ ရှိတော့သည်။

မြန်မာနိုင်ငံအနေဖြင့် ဆင်းရဲနွမ်းပါးမှုဖြစ်စဉ်တွင် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းမှာ အဓိက အကြောင်းရင်းတစ်ရပ် ဖြစ်နေပြီး မြန်မာနိုင်ငံထက် လူဦးရေ သုံးဆခန့်ပိုများသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ပင် တစ်ဦးချင်း ထုတ်လုပ်မှု GDP မှာ ကန်ဒေါ်လာ ၂၀၈၃ ရှိသည်။ အိမ်နီးချင်းနိုင်ငံဖြစ်သည့် လာအိုတွင် ကန်ဒေါ်လာ ၃၁၀၀ နှင့် အင်ဒိုနီးရှားနိုင်ငံတွင်မူ ၅၂၁၄ ဒေါ်လာ ရှိသည်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၈၅ နိုင်ငံအနေဖြင့် တွက်ချက်မည်ဆိုပါက မြန်မာနိုင်ငံမှာ ကမ္ဘာ့အဆင်းရဲဆုံး အဆင့် ၅၅ တွင် ရပ်တည်နေပြီး စင်ထရယ်အာဖရိကန် ရီပက်ဘလစ်နိုင်ငံမှာမူ အဆင်းရဲဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံထားရသည်။

အောက်ချင်း သတင်းအေဂျင်စီ

ကိုးကား - Poorest Countries in Asia By GDP per capita, Asian Ranking
Share To:

Aung Maw

Post A Comment: