ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းအနီးတွင် မြန်မာ့တပ်မတော် (ရေ) မှ ပင်လယ်ပြင် လက်တွေ့စစ်ရေးလေ့ကျင့်နေစဉ် ယင်းနေရာသို့ အမျိုးအစား စိစစ်ဆဲ မြန်နှုန်းမြင့်လေယာဉ် သုံးစီး ဖြတ်သန်းခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာထားသည်။

လူမှုကွန်ရက် Facebook ရှိ တပ်မတော်၏ ဆောင်ရွက်နေမှုများအား ဖော်ပြနေသည့် “တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး” စာမျက်နှာတွင် ဖေဖော်ဝါရီလ ၂၇ ရက်က အဆိုပါကိစ္စနှင့် ပတ်သက်၍ ကြေညာထားခြင်း ဖြစ်သည်။
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး Facebook
“တပ်မတော်(ရေ) စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှုလေ့ ကျင့်ခန်း (Combined Fleet Exercise- Sea Shield 2016) ကို ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်မှ မတ်လ ၂ ရက်နေ့အထိ သတ်မှတ်ဧရိယာ ဖော်ပြ၍ လေ့ကျင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့အစည်းများ၊ သက်ဆိုင်ရာ စစ်သံရုံးများ၊ ပြည်တွင်းသတင်းဌာနများမှ ကြိုတင်သတင်းထုတ်ပြန် အကြောင်းကြားခဲ့ပြီး ဖြစ်ပါသည်။ ယင်းလေ့ကျင့်ခန်း ဆောင်ရွက်နေစဉ် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ၁၆၂၈ နာရီမှ ၁၆၃၇ နာရီအတွင်း မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၃.၄ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၄.၅၄ မိနစ်၊ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၂.၃ မိနစ်၊ အရှေ့လောင် ဂျီတွဒ် ၉၃ ဒီဂရီ ၀၄ မိနစ် နေရာများသို့ အမျိုးအစားစိစစ်ဆဲ မြန်နှုန်းမြင့် လေ ယာဉ် ၃ စီး မြောက်ဘက်အရပ်မှ တောင်ဘက်အရပ်သို့ ၀င်ရောက်ပျံသန်းခဲ့ကြောင်း စိစစ်သိရှိရပါသည်” ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာထားသည်။

တပ်မတော် (ရေ) မှ လက်တွေ့စစ်ရေးလေ့ကျင့်ခြင်း ပြုလုပ်ရန်အတွက် Point A မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၆ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၆ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၆ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၃ မိနစ်၊ Point C မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင် ဂျီတွဒ် ၉၄ ဒီဂရီ ၃၃ မိနစ်၊ Point D မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၆ မိနစ် စသည့် Coordinates အမှတ်များ အား ဆက်ဆွဲထားသည့် ဧရိယာအား စစ်ရေးလေ့ကျင့်ခန်းပြုလုပ်မည့် ဧရိယာအဖြစ် သတ်မှတ်ထားခြင်းဖြစ်ပြီး ရေကြောင်းသတိပေး ချက်နှင့် လေကြောင်းသတိပေးချက်တို့ကိုလည်း ဖေဖော်ဝါရီလ ၂၂ ရက်က ထုတ်ပြန်ကြေညာထားသည်။

ထို့ပြင် ယင်းသတ်မှတ်ဧရိယာမှ ငါးမိုင်ပတ်လည်အတွင်း သင်္ဘောကြီး/ငယ်များ၊ ကုန်တင်/စက်လှေများ၊ ငါးဖမ်း သင်္ဘောများ၊ စက်တပ်သမ္ဗန်များဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်းမရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅၀၀၀ (တစ်သောင်းငါးထောင်)အောက် ဖြတ်ကျော်ပျံသန်းခြင်း မပြုကြရန်လည်း တားမြစ်ထားပြီး ဖြစ်သည်။

သတ်မှတ်ဧရိယာအတွင်း တပ်မတော် (ရေ) မှ လေ့ကျင့်ခန်း ပြုလုပ်နေစဉ် အမြောက်၊ ဒုံးပျံ ပစ်ခတ်လေ့ကျင့်မှုများ ပါရှိမည်ဖြစ်သဖြင့် မလိုလားအပ် သည့် ဖြစ်စဉ်များ မဖြစ်ပေါ်စေရေးအတွက် ထပ်မံအသိပေး အကြောင်း ကြားမှုများ ဆက်လက်ဆောင်ရွက်သွားရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

အောက်ချင်း သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: