Equality & Democracy


ညီမျှခြင်း၏ အဓိပ္ပာယ်အမှန်၊ သဘောတရားအမှန်မှာ ပြည်သူပြည်သားတိုင်း အခွင့်အရေး ညီမျှခြင်းစကို ကိုယ်စားပြုသည်။ ပြည်သူတိုင်းသည် မွေးရာပါ ကိုယ်ပိုင်လက္ခဏာအရ ဉာဏ်ပညာအရ မတူညီမှု၊ ကိုယ်ခန္ဓာခွန်အား မတူညီမှု ရှိသည်။ သို့သော် မည်သူမဆို မိမိ၏ အခြေခံဗီဇအလိုက် အစွမ်းကုန် တိုးတက်ကြီးပွားရန် ဒီမိုကရေစီ အခွင့်အရေး ပေးနိုင်ရမည်။ ဒီမိုကရေစီသည် ညီမျှသော အခွင့်အရေးကို ပေးသည်။

ထိုသို့သော ညီမျှခြင်းအခွင့်အရေးကို လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၊ လူတန်းစားတစ်ရပ်အတွက် သီးသန့်ခွဲခြား ခံစားပိုင်ခွင့် မပေးရ။ ညီမျှသော အခွင့်အရေးကို တစ်တန်းတစ်စားတည်း ပိုင်ဆိုင်ရမည်။

လူ့အဆင့်အတန်း ညီမျှခြင်း၊ တရားဥပဒေ ညီမျှခြင်း၊ နိုင်ငံရေး ညီမျှခြင်းနှင့် စီပွားရေး ညီမျှခြင်း တို့သည် ဒီမိုကရေစီနှင့် အကျုံးဝင်သည်သာမက ဒီမိုကရေစီက တာဝန်လည်း ခံရ၏။

လူတန်းစားညီမျှခြင်းတွင် မည်သူမည်ဝါ ဟူ၍ အခွင့်အရေးများ သီးခြားခံစားခွင့်မရှိစေရ။ ယင်းသို့ ခွဲခြားမှုများ ရှိနေသရွေ့ လူတန်းစားညီမျှခြင်း ရှိမည် မဟုတ်ပေ။

တရားဥပဒေအရ ညီမျှခြင်းတွင် ဥပဒေ ပြဋ္ဌာန်းချက်များအတိုင်း နိုင်ငံတော် အတွင်း ပါဝင်သည့် အစိုးရအပါအ၀င် ပြည်သူတိုင်း လိုက်နာကြရမည်။

နိုင်ငံရေးညီမျှခြင်းတွင် အရွယ်မရောက်သေးသူနှင့် ထောင်သွင်း အကျဉ်းကျခံထားရသူမှတစ်ပါး နိုင်ငံသူ နိုင်ငံသားတိုင်း အစိုးရတင်မြှောက်ခြင်းနှင့် အစိုးရဌာနများတွင် ပါဝင်နိုင်သော အခွင့်အရေး တူညီရမည်။

စီးပွားရေး ညီမျှခြင်းတွင် အစိုးရပိုင် လုပ်ငန်းမှ လွဲ၍ မည်သည့်လုပ်ငန်းတွင်မဆို ပြည်သူတိုင်း ပါဝင်နိုင်ခွင့် အရည်အချင်း ရှိပါက ပါဝင်ခွင့်ပြုရမည်။ ခွဲခြားခြင်းမရှိစေရ။ အလားတူ အစိုးရနှင့် ၀န်ကြီးဌာနများက စီမံကိန်းများအား စီးပွားရေး လုပ်ငန်းရှင် ပြည်သူများအား ချပေးမည်ဆိုပါက တူညီသော ယှဉ်ပြိုင်လေလံတင်ခွင့် ပေးရမည်။ မည်သည့်အတွက်နှင့်မျှ တစုံတဦးအား သီးခြားခံစားခွင့် မပေးရ။

Share To:

Aung Maw

Post A Comment: