(Democracy)


ဒီမိုကရေစီ ဆိုသည့်စကားမှာ ဂရိဘာသာ စကားမှ ဆင်းသက်လာခြင်းဖြစ်ပြီး လူတိုင်းလူတိုင်း ပါဝင်ဆောင်ရွက်နိုင်သော အစိုးရတစ်မျိုး သို့မဟုတ် လူများစု အုပ်ချုပ်သော အစိုးရတစ်မျိုးဟု အများအားဖြင့် နားလည်ကြသည်။ ဤအစိုးရစနစ်မျိုးတွင် အုပ်ချုပ်ရေးကဏ္ဍကို လူတစ်စု သို့မဟုတ် လူတန်းစားတစ်မျိုးတည်း၏ လက်ထဲ၌ အပ်နှံထားခြင်း မဟုတ်ဘဲ နိုင်ငံသားအားလုံး၏ လက်ထဲ၌ အပ်နှံထားခြင်းသာ ဖြစ်သည်။ ဤအစိုးရစနစ်မျိုးတွင် အရေးကြီးသော ကိစ္စတိုင်းအား နိုင်ငံသားအားလုံး၏ သဘောအရ ဆုံးဖြတ်ချက်ကိုသာလျှင် အတည်ပြုရသည်။

ဒီမိုကရေစီဆိုသည် အစိုးရစနစ်တစ်ခုတည်းကို ဆိုလိုခြင်းလည်း မဟုတ်ပေ။

ဒီမိုကရေစီသည် လူ၏ ညီမျှမှုတည်းဟူသော အုတ်မြစ်ကို အခြေခံပြုထား၏။

လူတိုင်းလူတိုင်းအား ညီမျှသော အခွင့်အေ၇းကို မပေးဘဲ ထားထားခြင်းသော်လည်းကောင်း၊ လူတန်းစားတစ်ခုအား အမြဲ ဖိနှိပ်ချုပ်ချယ်ထားခဲ့သော်လည်းကောင်း ဒီမိုကရေစီ မတည်တံ့နိုင်ချေ။ လူမျိုးမရွေး၊ ဘာသာမရွေး၊ အဆင့်အတန်းမရွေး၊ အသားအရောင်မရွေး ညီတူညီမျှ အခွင့်ရစေမည်ဟူသော စိတ်သဘောပင်လျှင် ဒီမိုကရေစီ ဖြစ်၏။

ကိုးကား - ပြည်သူ့တာဝန် (ဦးကျော်မင်း - ဘီအေ၊ ဘီအီးဒီ)
Share To:

Aung Maw

Post A Comment: