Poor & Government Duty


ပြည်သူပြည်သားကောင်း ဖြစ်ရန်အလို့ငှာ အနှောင့်အယှက်ဖြစ်သည့် အကြောင်းအရာများ၌ ဆင်းရဲခြင်းသည် အချက်တစ်ခုအနေဖြင့် ပါဝင်ပေသည်။

ပစ္စည်းဥစ္စာမရှိ၍ ဆင်းရဲက ကောင်းသော အပေါင်းသင်းစု မဖြစ်နိုင်။ ဆင်းရဲခြင်းကြောင့် ရာဇ၀တ်မှု အမျိုးမျိုးဖြစ်ပွား၏။ တစ်နေ့လျှင် ထမင်းနှစ်နပ်မှ မှန်မှန်မစားနိုင်သူသည် အပြစ်အမျိုးစုံကို ကျူးလွန်ရန် ၀န်မလေးတော့ပေ။ လိမ်လည်ခြင်း၊ ခိုးယူခြင်း၊ ဓားပြတိုက်ခြင်း အစရှိသည်တို့မှာ သူ့အဖို့ ၀န်လေးတော့မည် မဟုတ်ချေ။ နိုင်ငံ၏ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တကို မြဲမြံအောင် တည်ဆောက်ရန်အလို့ငှာ အလွန်အမင်း ဆင်းရဲခြင်း (ဆင်းရဲမွဲတေမှု) ကို ပပျောက်စေ၍ ပြည်သူပြည်သားတိုင်း လူတန်းစေ့ နေနိုင်မည့် အနည်းဆုံးသော ၀င်ငွေကို အစိုးရက အာမခံရပေလိမ့်မည်။

ကိုးကား - ပြည်သူ့တာဝန် (ဦးကျော်မင်း - ဘီအေ၊ ဘီအီးဒီ)
ဓာတ်ပုံ - www.pinterest.com
Share To:

Aung Maw

Post A Comment: