ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့၏ တောင်နှင့် အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြု၍ ပြင်းအား ရစ်ခ်တာစကေး ၄.၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကို ကိုးကား၍ ပြန်ကြားရေး ၀န်ကြီးဌာနက ၄င်းတို့၏ လူမှုကွန်ရက် Facebook စာမျက်နှာ MOI Webportal Myanmar တွင် ထုတ်ပြန်ထားသည်။

ကမ္ဘာအေး မြေငလျင်စခန်းစခန်းမှ တိုင်းထွာချက်များအရ ဖေဖော်ဝါရီလ ၂၄ ရက်၊ မြန်မာစံတော်ချိန် ၇ နာရီ ၄၂ မိနစ်တွင် လှုပ်ခတ်သွားခြင်းဖြစ်ပြီး ရန်ကုန်မြို့ရှိ အချို့မြို့နယ်များတွင် ငလျင်လှုပ်ခတ်မှုကြောင့် အထပ်မြင့်တိုက်ခန်းများ အနည်းငယ် လှုပ်ရမ်းသွားခဲ့ကြောင်း ဒေသခံပြည်သူ များ၏ ပြောဆိုချက်များအရ သိရသည်။

“ငလျင်လှုပ်တာကို သိလိုက်ရတယ်။ မနက် အစောပိုင်းပဲ။ ကျွန်တော် အိပ်ရာထဲ ရှိတဲ့အချိန် ငါးစက္ကန့်လောက် တိုက်က ခါသွားတယ်” ဟု စမ်းချောင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက အောက်ချင်းသတင်းအေဂျင်စီသို့ ပြောသည်။

အောက်ချင်းသတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: