ကလေး၊ ဧပြီ ၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ တောင်ဖီလာတောင်ပေါ်တွင် ခေတ်သစ်၊ စနစ်သစ်၊ တိုင်းသစ်ပြည်သစ်၊ မူသစ်၊ အစိုးရသစ်၊ နှစ်သစ်ကို ကြိုဆိုဂုဏ်ပြု၍ ကပ်ကြီးသုံးပါး ကျော်လွှားပြီးလျှင် တိုင်းသူပြည်သားများ ချမ်းသာစေကြောင်း ဆုတောင်းမင်္ဂလာပွဲကို ဧပြီလ ၁ ရက် နေ့လယ်ပိုင်း အဆိုပါ တောင်ဖီလာတောင်ပေါ်တွင် ပြုလုပ်ခဲ့သည်။
တောင်ဖီလာတောင်ပေါ်က အစိုးရသစ် ကြိုဆိုမှုနှင့် ဆုတောင်းပွဲ။ ဓာတ်ပုံ - ပိုင်စိုး
တောင်ဖီလာတောင်ပေါ်က အစိုးရသစ် ကြိုဆိုမှုနှင့် ဆုတောင်းပွဲ။ ဓာတ်ပုံ - ပိုင်စိုး
တောင်ဖီလာတောင်ပေါ်က အစိုးရသစ် ကြိုဆိုမှုနှင့် ဆုတောင်းပွဲ။ ဓာတ်ပုံ - ပိုင်စိုး
အဆိုပါ ဆုတောင်းပွဲကို တောင်ဖီလာဆရာတော်နှင့် တပည့် ဒါယကာ၊ ဒါယိကာများက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရွှေရင်အေး တိုက်ကျွေးခြင်းနှင့် “အေးမြဝေစည်” တီးဝိုင်းအဖွဲ့တို့က ဆုတောင်းပွဲ တက်ရောက်လာသူများအား တေးသီချင်းများဖြင့် ဧည့်ခံခဲ့သည်။

အဆိုပါ ဆုတောင်းပွဲတွင် တောင်ဖီလာဆရာတော် ဘဒ္ဒန္တ ရာဇိန္ဒက “ခေတ်ဟောင်းစနစ်ဟောင်း အကျင့်ဟောင်းတို့ အခါခပ်သိမ်းချုပ်ပြီး ခေတ်သစ်စနစ်သစ်မှာ အစိုးရသစ်လက်ထက်မှာ ကပ်ကြီးသုံးပါးကျောfလွှားပြီး နိုင်ငံအကျိုး၊ တိုင်းကျိုးပြည်ကျိုးစွမ်းဆောင်နိုင်သော အမျိုးကောင်းသားသမီးဖြစ်ကြပါစေ” ဟု တက်ရောက်လာသူများအား ဆုမွန်ကောင်း ပေးခဲ့သည်။
ကလေးမြို့၊ အောင်ဇေယျရပ်ကွက် NLD ရုံးတွင် ပြုလုပ်သည့် အစိုးရသစ် ဂုဏ်ပြုကြိုဆိုပွဲ။ ဓာတ်ပုံ - လွင်မိုးအောင်
ကလေးမြို့၊ အောင်ဇေယျရပ်ကွက် NLD ရုံးတွင် ပြုလုပ်သည့် အစိုးရသစ် ဂုဏ်ပြုကြိုဆိုပွဲနှင့် စတုဒီသာ ကျွေးမွေးခြင်း။ ဓာတ်ပုံ - လွင်မိုးအောင်
ကလေးမြို့၊ အောင်ဇေယျရပ်ကွက် NLD ရုံးတွင် ပြုလုပ်သည့် အစိုးရသစ် ဂုဏ်ပြုကြိုဆိုပွဲနှင့် စတုဒီသာ ကျွေးမွေးခြင်း။ ဓာတ်ပုံ - လွင်မိုးအောင်
အလားတူ ကလေးမြို့နယ် အောင်ဇေယျရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရုံးတွင်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ပြည်သူ့အစိုးရသစ်အား ကြိုဆိုသည့်အနေဖြင့် စတုဒီသာ တိုက်ကျွေးမှုများ ပြုလုပ်ခဲ့သေးသည်။

အောက်ချင်း သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: