မြန်မာအထူးစီးပွားရေးဇုန်ဗဟိုအဖွဲ့ဝင်များ နှင့်တွေ့ဆုံနေသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ရန်ကုန်၊ နိုဝင်ဘာ ၁၆

ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်နေသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်နိုင်ရေးအတွက် နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီကို နိုဝင်ဘာလ ၁၆ ရက်က ဖွဲ့စည်းလိုက်ကြောင်း အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်လိုက်သည်။

ယင်းကော်မတီကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်မောင်တင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ကာ ဒုတိယဥက္ကဋ္ဌအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်စိုးနိုင်ဦးက တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။

အဖွဲ့ဝင်များအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုး၊ ပြည်ထဲရေးဝန်ကြီးဌာန ရဲမှူးကြီး မျိုးသူရစိုး၊ နယ်စပ်ရေးရာဝန်ကြီှးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းအောင်နှင့် အတွင်းရေးမှူးအဖြစ် နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့က ဆောင်ရွက်ကြမည် ဖြစ်သည်။

ရခိုင်ပြည်တွင်း ဖြစ်ပျက်နေသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနပိုင် သတင်းစာများနှင့် ရုပ်သံလိုင်းများ၊ စစ်တပ်ပိုင် မြ၀တီသတင်းစာနှင့် မြ၀တီ ရုပ်သံလိုင်းတို့မှလည်း ဖော်ပြလျက် ရှိသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: