Photo : www.boell.de
ရန်ကုန်၊ နိုဝင်ဘာ ၂၆

၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ကိုယ်စားလှယ်လောင်းများအား ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် နိုဝင်ဘာလ ၂၆ ရက်က ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

နိုဝင်ဘာလ ၂၅ ရက် အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ထုတ်ပြန်ခဲ့သော အဆိုပါလူစာရင်းတွင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး နှစ်ဦးတို့ ပါဝင်ပြီး အမျိုးသမီးနှစ်ဦးမှာ နန်းစင့်ခမ်းနှင့် ဒေါ်စန်းစန်းမြင့်တို့ ဖြစ်သည်။

နိုဝင်ဘာ ၂၅ ရက် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပြန်လိုက်သည့် ပါတီကိုယ်စားလှယ်လောင်းများ စာရင်း

NLD အနေဖြင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လဲမဲဆန္ဒနယ်အားလုံး အနိုင်ရရမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားကြောင်း ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ပါတီရုံးချုပ်တွင် အောက်တိုဘာလ ၂၆ ရက်က ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်များနှင့် ရန်ကုန်တိုင်းဒေသကြီးမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲတွင် ပါတီနာယက သူရဦးတင်ဦးက ပြောဆိုထားသေးသည်။

"ကျွန်တော်ခေါင်းဆောင်ဟာ ပြောခဲစေ ဆိုခဲစေ။ ဒါပေမဲ့ ပြောရင်ဆိုရင် တကယ်ဖြစ်အောင်လုပ်တယ်၊ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း အခုပြောပြန်ပြီ၊ အကုန်လုံးရအောင်လုပ်ရမယ်လို့ ပြောတာပဲ။ ဒါကြောင့်မို့ ကျွန်တော်တို့ အကုန်လုံးရအောင် ကြိုးစားဖို့လိုလာတယ်၊ အကုန်လုံးရအောင် လုပ်မယ်ဆိုခဲ့ရင်လည်း ကျွန်တော်တို့ဟာ စည်းလုံးညီညွှတ်မှုကို ပြနိုင်မှ ပြည်သူလူထုက ယုံကြည်မှာဖြစ်ပါတယ်" ဟု သူရဦးတင်ဦးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: