(ထွဏ်းမောင်၊ လွဏ်းမောင် ဆွေးနွေးခန်း)


ရန်ကုန်၊ အောက်တိုဘာ ၂၉

လွဏ်းမောင် - ဗျို့ ကိုထွဏ်းမောင်…။ ပြီးခဲ့တဲ့ တစ်ပတ် ဆွေးနွေးမှုလေး လုပ်ပြီးကတည်းက ပျောက်သွားလိုက်တာ ဘာတွေများ အလုပ်များနေသတုန်းဗျ။

ထွဏ်းမောင် - သြော်…များဆို တစ်ပူးလို့ ခေါ်တဲ့ အီလဲဗင်းနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ ကိစ္စလေ။ အဲဒါလေးတွေ စောင့်ကြည့်နေတာနဲ့ပဲ အချိန်ကုန်ပြီး ပျောက်နေတယ်ပဲ ဆိုပါတော့ဗျာ။

လွဏ်းမောင် - ဟုတ်လားဗျ။ ဒါနဲ့ နောက်ဆုံး အက်ပ်ဒိတ်လေး ပြောပါဦးဗျ။

ထွဏ်းမောင် - အခုတော့ တိုင်းအစိုးရဘက်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ထားပြီး ဒီကနေ့ (နိုဝင်ဘာ ၁၀ ရက်) ညနေ လေးနာရီမှ ရဲစခန်းမလာရင် ဖမ်းမယ်ဆိုလို့ မီဒီယာသမားတွေလည်း တစ်ပူးရုံးရှေ့ ခြေချင်းလိမ်နေကြတာပါပဲဗျာ။ ခုထိတော့ မထူးသေးပါဘူးဗျ။

လွဏ်းမောင် - အင်း ခက်တော့ ခက်တယ်ပဲ ပြောရမယ်ဗျ။

ထွဏ်းမောင် - ဘာများ ခင်ဗျားက ခက်နေတာတုန်းဗျ။ သူတို့ဟာ သူတို့ ဖြစ်နေတဲ့ဟာ။ ခင်ဗျားနဲ့ဗျာ ဘာဆိုင်လို့တုန်း။

လွဏ်းမောင် - သြော် ကိုထွဏ်းမောင်ရယ်။ ဆိုင်ပါပကောလား။ ကျုပ်နေတာက ရန်ကုန်၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ်က ဒီကိစ္စနဲ့ အလုပ်များနေရင် တခြားကိစ္စတွေ ဘယ်လှည့်နိုင်တော့မလဲဗျာ။ သိတဲ့အတိုင်းလေ။ ရန်ကုန်မြို့က မြို့ပျက်ကြီး ဖြစ်လာပြီလို့တောင် ပြောနေကြတာ မဟုတ်ပေဘူးလား။

ထွဏ်းမောင် - ဒါတော့ ဒါပေါ့ဗျာ။
ရန်ကုန်တိုင်းမှာ လုပ်စရာတွေက အပြည့်ရယ်။ မပြီးသေးတဲ့ လမ်းဘေးဈေးသည်နဲ့ စည်ပင်ကိစ္စ၊ တရိပ်ရိပ်တက်လာတဲ့ မှုခင်းတွေ၊ အများကြီးရယ်...
လွဏ်းမောင် - ဒါတော့ ဒါပါပဲလို့ ထားရမယ်ဆိုတာကိုတော့ လက်မခံချင်ဘူးဗျ။ အခုက ရန်ကုန်တိုင်းမှာ လုပ်စရာတွေက အပြည့်ရယ်။ မပြီးသေးတဲ့ လမ်းဘေးဈေးသည်နဲ့ စည်ပင်ကိစ္စ၊ တရိပ်ရိပ်တက်လာတဲ့ မှုခင်းတွေ၊ အများကြီးရယ်ဗျ။ ကျုပ် လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာမှာ လူတစ်ယောက်က ရေးထားတဲ့ ကိစ္စတွေဆို အများကြီးရယ်။

Photo : http://www.an-unexpected-journey.de
၁။ ကျုးကျော်ကိစ္စ

၂။ ယာဉ်ကြောပိတ်ဆို့မှုကိစ္စ

၃။ လမ်းဘေးဈေးသည်တွေကိစ္စ

၎။ လိုင်းကားသမားတွေမင်းမဲ့စရိုက်ဆန်စွာဖြစ်နေတဲ့ကိစ္စ

၅။ ကလေးသူငယ်တွေ မုဒိမ်းကျင့်ခံနေရတဲ့ကိစ္စ

၆။ မြကျွန်းသာစီမံကိန်းကိစ္စ

၇။ လွှတ်တော်အမတ် နေဘုန်းလတ် မေးထားတဲ့ မြေကွက် ၂၃၂ ကွက်ချပေးတဲ့ကိစ္စ

၈။ လွှတ်တော်အမတ်ဒေါ်စန္ဒာမင်း ပြောတဲ့ ရန်ကုန်မြို့ပျက်ကြီးဖြစ်နေပြီလို့ပြောတဲ့ကိစ္စ

၉။ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်တင်သွင်းခဲ့တဲ့ ရန်ကုန်တိုင်းအတွင်းက မူးယစ်ဆေးဝါး ပြဿနာ

၁၀။ လေးလောင်းပြိုင်ကိစ္စအပါအ၀င် လုယက်လူသတ်မှုတွေဖြစ်နေတဲ့ကိစ္စ

၁၁။ ၅ ဘီလီလျံပျောက်သွားတဲ့ တင်ဒါကိစ္စ

၁၂။ မြေသိမ်းယာသိမ်းကိစ္စ

၁၃။ ကုန်ဈေးနှုန်းကြီးမြှင့်နေတဲ့ကိစ္စ

၁၄။ အလုပ်သမားပြဿနာတွေ

၁၅။ အထပ်မြင့်အဆောက်အအုံကိစ္စ

၁၆။ လောင်းကစားလုပ်ငန်းတွေကိစ္စ

၁၇။ မူးယစ်ဆေးဝါးကိစ္စ

၁၈။ ကန်တော်ကြီးထဲမှာလုပ်မယ့် လူစီးလို့ရတဲ့ဓာတ်ငွေ့ပူပေါင်းကိစ္စ

၁၉။ လိုင်းကားတွေကိစ္စ

၂၀။ ဒေါ်စန္ဒာမင်းမေးထားတဲ့ အမှိုက်ပြဿနာ

၂၁။ လျှပ်စစ်မီးပြဿနာ

၂၂။ ဘာယူယူ ၅၀၀၀ ကျပ်ဆိုင်တွေက တရားမ၀င်တရုတ်တွေကိစ္စ

၂၃။ … ဆိုပြီး အစဉ်လိုက်ရေးထားတာဗျ။ နောက်ပြီး ဒါဟာ ပြည်သူတွေ လက်တွေ့ခံစားနေရတဲ့ အဓိကပြဿနာတွေဗျလို့ ရေးထားသဗျ။

ထွဏ်းမောင် - ဒီလိုဟာတွေ ရှိတာနဲ့ အခုလိုမျိုး မဖြစ်ရတော့ဘူးလို့ ခင်ဗျားက ဆိုလိုတာလားဗျ။

လွဏ်းမောင် - မဟုတ်ရပေါင်ဗျာ။ ပြောချင်တာက ကျုပ်တို့ ရန်ကုန်နေ ပြည်သူတွေမှာ နိစ္စဓူဝ ရင်ဆိုင်နေရတဲ့ ကားလမ်းပြဿနာ၊ မီးမမှန်တဲ့ ပြဿနာ၊ လုံခြုံရေးဆိုင်ရာ ပြဿနာတွေက တပုံတပင် ဖြစ်နေချိန် ၀န်ကြီးချုပ်ကို ပြည်သူတွေအတွက် အချိန်ပြည့် လုပ်ပေးစေချင်တာပါဗျာ။ ကျုပ်တစ်ဦးတည်း အမြင်က အခု အီလဲဗင်းနဲ့ဖြစ်တဲ့ကိစ္စကြောင့် ၀န်ကြီးချုပ်အပါအ၀င် တခြားသော ၀န်ကြီးတွေပါ သတင်းစာရှင်းလင်းပွဲတက်ရ၊ ဘာရနဲ့ ပြည်သူ့ဘက်ကို မလှည့်နိုင်ဘူးလေ။

ထွဏ်းမောင် - ဟ…ဒီလိုတော့ ဘယ်ဟုတ်မလဲဗျ။ သူက တိုင်းအစိုးရအဖွဲ့ရဲ့ အကြီးအကဲလေဗျာ။
တချို့နိုင်ငံတွေမှာဆိုရင် ဒီလိုကိစ္စမျိုးက ပုဂ္ဂိုလ်ရေးနဲ့သာ ဆိုင်တဲ့အတွက် အစိုးရက ၀င်ပါစရာ မလိုဘူးလေဗျာ။ ဒီလိုတော့ ခွဲခြားမြင်သင့်တာပေါ့...
လွဏ်းမောင် - အကြီးအကဲဆိုတာကိုလည်း လက်ခံပါတယ်။ ဒါပေမဲ့လည်း သေသေချာချာ ကြည့်မယ်ဆိုရင်တော့ အီလဲဗင်းရဲ့ ရေးသားချက်ကြောင့် ထိခိုက်မယ်ဆိုရင် ပုဂ္ဂိုလ်ရေး ထိခိုက်မှုလေဗျာ။ တိုင်းအစိုးရတစ်ဖွဲ့လုံး လုပ်နေတယ်လို့ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ။ တချို့နိုင်ငံတွေမှာဆိုရင် ဒီလိုကိစ္စမျိုးက ပုဂ္ဂိုလ်ရေးနဲ့သာ ဆိုင်တဲ့အတွက် အစိုးရက ၀င်ပါစရာ မလိုဘူးလေဗျာ။ ဒီလိုတော့ ခွဲခြားမြင်သင့်တာပေါ့။ ဒါကြောင့် ပြောတာပါဗျာ။

လွဏ်းမောင် - အေးဗျာ။ ခင်ဗျားပြောသလိုဆိုရင်တော့ မှန်ပါတယ်။ ခက်တာက ဒါနဲ့ ပတ်သက်ပြီး တရားဝင် ဥပဒေပြဋ္ဌာန်းထားရင်တော့ ရနိုင်တယ်လေဗျာ။ အခုက ဒါမျိုးမှ မရှိတာ။

ထွဏ်းမောင် - အဲဒါ ပြောတာပေါ့ဗျာ။ တကယ်တမ်းက ရန်ကုန်မြို့နဲ့ ပတ်သက်ပြီး ရှင်းလင်းစရာတွေက တပုံတပင်။ ဒီကြားထဲက ၀န်ကြီးချုပ်ကပါ ပုဂ္ဂိုလ်ရေးအရ ထိခိုက်စေတဲ့ အရေးအသား ပါတာနဲ့ ပတ်သက်ပြီး တိုင်းအစိုးရကို ထိသလိုမျိုး တရားစွဲတာ ဘာညာ လုပ်လာတော့ ကျန်တဲ့ အစိုးရတာဝန်ရှိသူတွေပါ ဒီကိစ္စထဲ ၀င်ပါလာတော့ မြို့ပျက်ကြီးကို မျက်နှာလွှဲထားသလို ဖြစ်နေပေဘူးလားဗျာ။ ဒါကြောင့် မြို့ပျက်ထဲက ပြည်သူတွေဘက်ကို လှည့်ကြည့်ပါဦးလို့ပဲ ပြောဆိုလိုက်တာပါ။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: