ရန်ကုန်၊ ဇန်န၀ါရီ ၂၃

ဘရာဇီးနိုင်ငံသား Alexander Machrdo နှင့် ထိုးသတ်မည့် Light Heavyweight ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲတွင် အားလုံးဂုဏ်ယူနိုင်အောင်အတွက် လေ့ကျင့်လျက်ရှိကြောင်း အောင်လအင်ဆန်းအောင်က ဇန်န၀ါရီလ ၂၃ ရက်တွင် ပြောဆိုလိုက်သည်။

ရန်ကုန်မြို့၊ မြန်မာပလာဇာတွင် ပြုလုပ်သည့် သရုပ်ပြပွဲတွင် ပြောဆိုလိုက်ခြင်းဖြစ်ပြီး အဆိုပါ ONE : QUEST FOR GOLD One Championship ချန်ပီယံခါးပတ်လု ထိုးသတ်ပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်တွင် သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းတွင် ပြုလုပ်သွားမည် ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲတွင် မြန်မာ့စပါးအုံဟု လူသိများသည့် အောင်လအင်ဆန်းအပြင် မြန်မာနိုင်ငံမှ ဖိုးသော်လည်း ၀င်ရောက်ထိုးသတ်မည် ဖြစ်ကာ ၎င်းနှင့် ယှဉ်ပြိုင်ထိုးသတ်သူမှာ ကမ္ဘောဒီးယားနိုင်ငံသား Sorsey ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ


Share To:

Aung Maw

Post A Comment: