ရန်ကုန်၊ ဇန်န၀ါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လစ်လပ်သွားသော ၀န်ကြီးချုပ်နေရာအတွက် နာမည်စာရင်း တင်သွင်းမည့် တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေးကို ဇန်န၀ါရီလ ၁၈ ရက်သို့ ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်သည်။

အဆိုပါ အစည်းအဝေးကို ယခင်က ဇန်န၀ါရီလ ၁၅ ရက် (ယနေ့) တွင် ပြုလုပ်ရန် ကြေညာထားပြီးနောက် မကျင်းပခင် နံနက်ပိုင်းတွင် ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်နေရာအတွက် နိုင်ငံတော်သမ္မတက အမည်စာရင် ပေးပို့ရမည်ဖြစ်ကာ ရွေးချယ်ခံရသူအား လွှတ်တော်ဥက္ကဋ္ဌက ကြေညာပေးရမည်ဖြစ်သည်။

လတ်တလောတွင် ၀န်ကြီးချုပ်နေရာအတွက် ရေပန်းစားနေသူမှာ တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ၀န်ကြီးချုပ်အဆင့်ဖြင့် နုတ်ထွက်သွားသူ နှစ်ဦးအထိရှိပြီး ပထမတစ်ဦးမှာ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးမင်းမင်းဦး ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: