မှတ်တိုင်တွင် စည်းကမ်းမဲ့ ရပ်ဆိုင်းနေသည့် YBS မော်တော်ယာဉ်အချို့အာ မြေနီကုန်းမှတ်တိုင်တွင် တွေ့ရစဉ်
ရန်ကုန်၊ ဇန်န၀ါရီ ၁၅

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသည့် YBS ယာဉ်များတွင် အသုံးပြုမည့် ကတ်ဖြင့် ငွေပေးချေမှုစနစ်အတွက် လုပ်ပိုင်ခွင့်ရ ကုမ္ပဏီအဖြစ် Excel KC Myanmar ကုမ္ပဏီအား ရွေးချယ်လိုက်ပြီဖြစ်ကြောင်း ဇန်န၀ါရီလ ၁၀ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့က ကြေညာထားသည်။

ပထမအဆင့် ဆန်ခါတင်ရွေးချယ်ထားသော ကုမ္ပဏီများဖြစ်သည့် AnyPay Payment Services Co.,Ltd, Asia Stamar Transport Intelligent Co.,Ltd နှင့် Excel KC Myanmar တို့အနက်မှ နောက်ဆုံးဆန်ခါတင်ဖြစ် Excel KC Myanmar ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကာ တင်ဒါ ရွေးချယ်ခံရပြီး သုံးလအတွင်း လုပ်ငန်းစတင်ရမည် ဖြစ်သည်။

အဆိုပါ တင်ဒါခေါ်ယူမှုကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၉ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး တင်ဒါတင်သွင်းခဲ့သည့် အဆိုပြုလွှာ ၂၁ ခုအနက်မှ နောက်ဆုံးအဆင့် ရွေးချယ်ခဲ့ခြင်းလည်း ဖြစ်သည်။

တင်ဒါမအောင်မြင်ခဲ့သည့် AnyPay Payment Services Co.,Ltd မှာ ယခင် BRT လိုင်း စတင်ပြေးဆွဲစဉ်က ကတ်စနစ် ငွေပေးချေမှုကို စတင်အသုံးပြုခဲ့သည့် ကုမ္ပဏီဖြစ်ပြီး လက်ရှိ Yangon Water Bus တွင်လည် ယင်းစနစ်ကို အသုံးပြုလျက် ရှိသည်။

YBS ယာဉ်လိုင်းများအတွက် ကတ်စနစ် ငွေပေးချေမှုလုပ်ငန်း လုပ်ပိုင်ခွင့်ရရှိသည့် Excel KC Myanmar အနေဖြင့် စာချုပ်အတွက် ညှိနှိုင်းမှုလုပ်ဆောင်နေစဉ်ကာလအတွင်း အကြောင်းတစုံတရာကြောင့် အဆင်မပြေခြင်း၊ ပျက်ပြယ်ခြင်းများ ဖြစ်ပေါ်လာပါက ကျန် ဆန်ခါတင်ကုမ္ပဏီနှစ်ခုအနက် တစ်ခုကို ထပ်မံရွေးချယ်သွားမည် ဖြစ်သည်။

YBS အများပိုင် ယာဉ်လိုင်းစနစ်သစ်အား ယခင် မော်တော်ယာဉ် လိုင်းပေါင်းစုံထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ - မထသ ကို ဖျက်သိမ်းကာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၁၆ တွင် စတင်ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: