ရန်ကုန်၊ ဇန်န၀ါရီ ၂၄

မြန်မာပြည်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ၁၀ ဦးစာရင်းကို indapaper.com က ထုတ်ပြန်ခဲ့ရာမှာ ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇက အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလျံနဲ့ ထိပ်ဆုံးက ရပ်တည်လျက်ရှိပါတယ်။

Indapaper က ၂၀၁၇ ခုနှစ် တစ်နှစ်တာကာလအတွင်း သူတို့ရဲ့ ပိုင်ဆိုင်မှုကို အစဉ်လိုက်ဖော်ပြခဲ့ရာမှာ ဒုတိယနေရာမှာတော့ အေးရှားဝေါလ်ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်က ၅ ဒသမ ၅ ဘီလျံရှိပြီး သူ့ရဲ့နောက်မှာတော့ IGE ကုမ္ပဏီပိုင်ရှင်တွေဖြစ်တဲ့ ဦးနေအောင်နဲ့ ဦးပြည်အောင်က ပိုင်ဆိုင်မှု ၅ ဘီလျံနဲ့ တတိယအချမ်းသာဆုံးအဖြစ် ဖော်ပြထားပါတယ်။

စတုတ္ထနေရာမှာတော့ Max Myanmar ပိုင်ရှင် ဦးဇော်ဇော်က ၅ ဘီလျံနဲ့ ရှိနေပြီး ဧရာရွှေဝါကုမ္ပဏီပိုင်ရှင်တစ်ဖြစ်လဲ စစ်ဗိုလ်ချုပ်ဟောင်း သူရဦးရွှေမန်းရဲ့ သား ဦးအောင်သက်မန်းကတော့ ပိုင်ဆိုင်မှု ၄ ဒသမ ၂ ဘီလျံနဲ့ နံပါတ်ငါးနေရာမှာ ရှိနေပါတယ်။

ခြောက်ဦးမြောက် မြန်မာပြည်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ဖော်ပြခံရသူကတော့ ပိုင်ဆိုင်မှု ၃ ဒသမ ၇ ဘီလျံရှိတဲ့ ဦးမိုက်ကယ်မိုးမြင့်ဖြစ်ပြီး သူ့နောက် အမှတ် ၇ အဖြစ် ဖော်ပြခံရသူကတော့ ပတ္တမြားနဂါးပိုင်ရှင် ဦးနေ၀င်းထွန်းဖြစ်ကာ ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ ၃ ဘီလျံ ဖြစ်ပါတယ်။

နံပါတ် ၈ အချမ်းသာဆုံးအဖြစ် indapaper.com က ရွေးချယ်ထားသူကတော့ ပိုင်ဆိုင်မှု ၂ ဒသမ ၅ ဘီလျံနဲ့ ယုဇနကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်ဖြစ်ပြီး နံပါတ် ၉ နေရာမှာတော့ ပိုင်ဆိုင်မှု ၂ ဒသမ ၃ ဘီလျံရှိတဲ့ ဇေကမ္ဘာဦးခင်ရွှေ ဖြစ်ပါတယ်။

ပိုင်ဆိုင်မှု ၁ ဒသမ ၂ ဘီလျံရှိတဲ့ ရွှေတောင်အုပ်စုကုမ္ပဏီက ဦးအိုက်ထွန်းဖြစ်တယ်လို့ indapaper က သတ်မှတ်ထားပါတယ်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ



ကိုးကား http://indapaper.com/top-10-richest-people-in-myanmar-in-2017/10/
Share To:

Aung Maw

Post A Comment: