ဓါတ်ပုံ - ပြည့်သဲမောင်
 ပြည်၊ စက်တင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့အကျဉ်းထောင်မှ မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်အကျဉ်းထောင်သို့ ပြောင်းရွှေ့ရန် အကျည်းသူ ၂၅ ဦး တင်ဆောင်လာသည့် အချုပ်ကားသည် စက်တင်ဘာ ၇ ရက်နေ့ နံနက် ၅ နာရီခန့်က ပြည်ကံမလမ်းခွဲ မိုင်တိုင်အမှတ် (၂၃/၀) (၂၃/၁)ကြားတွင် ညာဘက်သို့ ကားတိမ်းမှောက်သွားရာ ယာဉ်ပေါ်တွင် ပါလာသည့် အကျဉ်းသူ ၁ ဦး သေဆုံ၍ ၃ ဦး ဒဏ်ရာရှိကာ ရဲမေ ၂ ဦးနှင့် ရဲဘော် ၁ ဦးဒဏ်ရာရရှိပြီး ဒဏ်ရာရရှိသူများအား ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူလျက် ရှိသည်။

ဓါတ်ပုံ - ပြည့်သဲမောင်
"ဟုတ်ကဲ့ တစ်ဦးသေပါတယ်။ ၅ ဦးကို ဆေးရုံမှာ အတွင်းလူနာအဖြစ် ၂၄ နာရီ စောင့်ကြည့်နေရပါတယ်။ လောလောဆယ်တော့ ဒီလောက်ပဲ သိထားပါသေးတယ်" ဟု ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာတင်ရွှန်းက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ အတည်ပြု ပြောကြားသည်။

ဒေးဗစ် (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
Share To:

Aung Maw

Post A Comment: