ရန်ကုန်၊ စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ မိုင်းယော်ကျေး၇ွာအနီး အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်သည့် TNLA တို့ တိုက်ပွဲဖြစ်ပွားစဉ် ရွာသားငါးဦး သေဆုံးမှု ဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူ တပ်မမှူး အပါအ၀င် တပ်မတော်သား ငါးဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ငါးနှစ်စီ ချမှတ်လိုက်ပြီ ဖြစ်သည်။

မိုင်းယော်ရွာအနီး အစိုးရတပ်များက ဇွန်လ ၂၅ ရက် ညနေပိုင်းက နယ်မြေရှင်းလင်းမှု လုပ်ငန်းစဉ်အတွင်း TNLA အဖွဲ့နှင့် ထိတွေ့မှု ဖြစ်ပွားခဲ့ပြီးနောက် ရွာသားငါးဦး သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သြဂုတ်လ ၈ ရက်တွင် စစ်တရားရုံးက စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ပိုင် မြ၀တီသတင်းစာက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ရွာသားငါးဦး သေဆုံးမှုနှင့် ပတ်သက်၍ တပ်မတော်ဘက်မှ အရာရှိ/စစ်သည် ခုနစ်ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးနှင့် မိုင်းယော်ရွာသား ၁၈ ဦးတို့၏ ထွက်ဆိုချက်များကို စစ်ဆေးခဲ့ပြီးနောက် စစ်ဆေးချက်များ အရ “အရာရှိ၊ စစ်သည် ၇ ဦးသည် တပ်မတော် အက်ဥပဒေပုဒ်မ (၇၁) “ နယ်ဘက်ပြစ်မှုတစ်ရပ်ဖြစ်သော ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၂)/၃၄ ” အား ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရသဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ပြစ်မှုကျူးလွန်သူ အရာရှိ ၄ ဦးအား “ ရှုတ်ချ၍ အမြဲတမ်းထုတ်ပစ်ရန်နှင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ်အား နယ်ဘက်အကျဉ်းထောင်တွင် ကျခံစေရန် ” ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်းနှင့် အခြားအဆင့်စစ်သည် ၃ ဦးအား “ တပ်သားအဆင့်သို့လျှော့ချ၍ အမြဲတမ်းထုတ်ပစ်ရန်နှင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၅ နှစ်အား နယ်ဘက်အကျဉ်းထောင်တွင် ကျခံစေရန် ” ဟု ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း” မြ၀တီသတင်းစာ၌ ဖော်ပြထားသည်။

ယခုကဲ့သို့ တပ်မတော်သားများ ကျူးလွန်ခဲ့သည့် ပြစ်မှုနှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အရပ်ဘက် အကျဉ်းထောင်များတွင် ပြစ်မှုဒဏ် ကျခံစေရန် ဆုံးဖြတ်မှုမှာ ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် ပထမဆုံးလည်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: