ပြည်၊ အောက်တိုဘာ ၇

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် တည်းခိုခန်းတစ်ခုအတွင်း ငှားရမ်းနေထိုင်သူ တစ်ဦးအား WY အမှတ်တံဆိပ်ပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀ ကျော်နှင့်အတူ သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိမှုတစ်ရပ် အောက်တိုဘာလ ၇ ရက်က ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်မှာ ပြည်မြို့ ခေတ္တရာမြို့သစ်ရပ်ကွက်၊ အနောက်မြို့ပတ်လမ်းနှင့် ၁၁ လမ်းထောင့်ရှိ ရွှေသီဟ အဆင့်မြင့် တည်းခိုခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ အခန်းအမှတ် ၃၁၆ တွင် တည်းခိုနေထိုင်သူ အောင်မျိုးသူ (ခ) ဘဲလေး (ဘ) ဦးမြင့်အောင်အား နေ့လယ် ၁ နာရီ ၄၅ မိနစ်ခန့်က WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပါး ၃၅၄ ပြားနှင့် သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။


ဒေးဗစ် (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
Share To:

Aung Maw

Post A Comment: