India and Myanmar Border Trade Area
Photo : Mapio.net
ရန်ကုန်၊ အောက်တိုဘာ ၁၈

ချင်းပြည်နယ်၊ ရိဒ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်ပစ္စည်းအမျိုးမျိုး ကုန်သွယ်မှုပမာဏမှာ ကာလတူနှိုင်းယှဉ်ချက်များအရ အမေရိကန်ဒေါ်လာ ငါးသန်းကျော် မြင့်တက်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သော ကိန်းဂဏန်းများက ဖော်ပြလျက် ရှိသည်။

ဧပြီလ ၁ ရက်မှ အောက်တိုဘာလ ၁၄ ရက်အထိ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ် နှိုင်းယှဉ်ချက်များအရ ၂၀၁၅ ခုနှစ်အတွင်း ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၈ ဒသမ ၄၆၄ သန်း၊ သွင်းကုန်တန်ဖိုး ၂ ဒသမ ၆၆၅ သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၁ ဒသမ ၁၂၉ သန်းရှိခဲ့ရာ ၂၀၁၆ ခုနှစ်တွင်မူ ပို့ကုန်တန်ဖိုး ၁၁ ဒသမ ၁၈၀ သန်းနှင့် သွင်းကုန်တန်ဖိုး ၅ ဒသမ ၂၀၈ သန်း၊ စုစုပေါင်း ကုန်သွယ်မှု ပမာဏ ၁၆ ဒသမ ၃၈၈ သန်း ရှိခဲ့ရာ ကွာခြားမှုပမာဏမှာ ကန်ဒေါ်လာ ငါး ဒသမ ၂၅၉ သန်း ရှိခြင်း ဖြစ်သည်။

အလားတူ စစ်ကိုင်းတိုင်း၊ တမူးမြို့ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းတွင်လည်း ကာလတူ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉ သန်းကျော် မြင့်တက်ခဲ့ကြောင်း စီးပွား/ကူးသန်း ၀န်ကြီးဌာန ကိန်းဂဏန်းများက ဖော်ပြလျက် ရှိသည်။

၂၀၁၅ ခုနှစ်က ပို့ကုန်တန်ဖိုး ၁၂ ဒသမ ၇၉၁ သန်းနှင့် သွင်းကုန်တန်ဖိုး ၅ ဒသမ ၃၆၃၊ စုစုပေါင်း ၁၈ ဒသမ ၁၅၄ သန်းသာ ရှိခဲ့ရာ ၂၀၁၆ ခုနှစ်တွင်မူ ပို့ကုန်တန်ဖိုး ၂၈ ဒသမ ၇၅၆၊ သွင်းကုန်တန်ဖိုး ၈ ဒသမ ၇၇၉၊ စုစုပေါင်း ၃၇ ဒသမ ၅၃၅ သန်း ရှိခဲ့ရာ ကန်ဒေါ်လာ ၁၉ ဒသမ ၃၈၁ သန်းအထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကိန်းဂဏန်းအချက်အလက်များမှာ အကောက်ခွန်ဦးစီးဌာနမှ အပတ်စဉ်ရရှိသည့် ကုန်သွယ်မှုကိန်းဂဏန်းများအပေါ် အခြေခံပြုစု ဖော်ပြထားခြင်းလည်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: