ရန်ကုန်၊ အောက်တိုဘာ ၇

လူသေဆုံးမှုအထိ ဖြစ်စေခဲ့သည့် ပြင်းထန် ၀က်သက်ရောဂါဖြစ်ပွားခဲ့သော နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ကာရော်နောက်ညိုကျေးရွာမှ ကျန်းမာရေးမှူး (Health Assistance) ဖြစ်သူ ဦးသန့်ဇင်ဦးအား သြဂုတ်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်လိုက်သည်။


စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ ဒေသခံ ကိုသန့်ဇင်ဦးမှာ ၂၀၁၆ ခုနှစ် ဇွန်လဆန်းက ယင်းပြင်းထန်ဝက်သက်ရောဂါ ဖြစ်ပွားခဲ့သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ထန်ခေါ် လန်မ နာဂကျေးရွာတွင် ဒေသခံများ ရောဂါကူးစက်မှုကြောင့် သေဆုံးနေမှုအား ရပ်တန့်အောင် ထိန်းချုပ်ကာ ရောဂါပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လက်မှတ်ရေးထိုးထားသည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

ယင်းသို့ ဆေးကုသမှု ပြုလုပ်ခဲ့စဉ်အတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ ရွာသူရွာသားများ၏ ကျန်းမာရေးအသိပညာ အားနည်းမှု၊ ဘာသာစကား အခက်အခဲစသည့် ကြီးမားသော ကန့်သက်ချက်အား စိတ်ရှည်သည်းခံကာ ရင်ဆိုင်ကျော်လွှား လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: