ကလေး၊ အောက်တိုဘာ ၁၁

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်အတွင်း ပြည်သူ့ကို အခြေခံသည့် နိုင်ငံခြားရေး မူဝါဒများ ဖြစ်ပေါ်စေရန်အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ငြိမ်း/ပွင့်) နှင့် ရှစ်လေးလုံး အင်အားစုတို့ ပူးပေါင်းပြုလုပ်သည့် အခြေခံ သံတမန်သင်တန်း မိတ်ဆက်ခြင်းနှင့် ဆင့်ပွားသင်တန်း ပို့ချခြင်း သင်တန်းကို အောက်တိုဘာလ ၁၁ ရက်က စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ပြုလုပ်ခဲ့သည်။

လေးရက်ကြာ ကြာမြင့်မည့် အဆိုပါသင်တန်းကို ကလေးမြို့၊ စမ်းမြို့ရပ်ကွပ်၊ ရွှေရတနာဥယျာဉ် ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အရပ်ဘက် အဖွဲ့အစည်းအသီးသီးမှ သင်တန်းသား ၄၀ ခန့် တက်ရောက်ခဲ့သည်။

“သံတမန်သင်တန်းကျောင်း ဒီပလိုမာတစ်နှစ်သင်တန်း တက်ရောက်ပြီး ကလေးမြို့ကနေ အနာဂတ်မှာ သံတမန်လောင်းတွေထွက်ပေါ်လာအောင်။ အခုသွားနေတဲ့ နိုင်ငံခြားရေးမူဝါဒက People Oriented Public Diplomacy ဖြစ်နေပြီ။ သာမန်လူတွေလည်း ပူးပေါင်းပါဝင်ကြရမယ့် ပြည်သူကို အခြေခံတဲ့ နိုင်ငံခြားရေးမူဝါဒဖြစ်လို့ ကိုယ့်ဒေသခံတွေကို ကိုယ်တတ်နိုင်သလောက် မျှဝေချင်လို့ပါ” ဟု သင်တန်းဆရာဖြစ်သူ ကိုဖြိုးဝေအောင်က ပြောသည်။


အဆိုပါသင်တန်းတွင် Basic Knowledge sharing about Media and Conflict, Diplomatic Protocol, Myanmar Foreign Policy, International Organization, နိုင်ငံတကာ ဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာများကို သင်ကြားပေးသွားမည် ဖြစ်သည်။


သံတမန်သင်တန်းနှင့် ပတ်သက်၍ ယခုအကြိမ်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဦးမြင့်သိန်း၊ ဦးညီညီထွန်း၊ ဦးလှ၊ ဦးတင်ဝင်း၊ ဦးအေးမြင့်၊ ဦးကြည်သာငြိမ်း၊ ကိုဖိုးမောင်(မြန်မာစာ) နှင့် ကိုဖြိုးဝေအောင်တို့က သင်ကြားပေးသွားမည် ဖြစ်သည်။

အောင်သူဝေ
Share To:

Aung Maw

Post A Comment: