ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

စီးကရက်များအပေါ် ယခင်က တန်ဖိုး၏ ၁၂၀ ရာခိုင်နှုန်းကို အခွန်အဖြစ် ကောက်ယူခဲ့ရာမှ ယခုအခါ တစ်လိပ်ချင်းအလိုက် ၄ ကျပ်မှ ၁၆ ကျပ်အထိ အခွန်ကောက်ယူမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အအကောက် ဥပဒေကြမ်းတွင် ထည့်သွင်းပြဋ္ဌာန်းလိုက်သည်။

အသစ်ပြဋ္ဌာန်းရန် ပြင်ဆင်နေသည့် အခွန်အကောက် ဥပဒေကြမ်းတွင် အလိပ် ၂၀ ၀င် တစ်ဗူးချင်း တန်ဖိုးအလိုက် အဆင့် လေးဆင့် သတ်မှတ်ပြီး တစ်လိပ်ချင်းအလိုက် အခွန်ကောက်ခံမည် ဖြစ်သည်။

ရောင်းဈေး ၄၀၀ အထိရှိသော အလိပ် ၂၀ ၀င် စီးကရက်ဗူးများအတွက် တစ်လိပ်လျှင် ၄ ကျပ်နှုန်း၊ ၄၀၀ မှ ၆၀၀ ကျပ်အထိ ရောင်းဈေးရှိသော စီးကရက်ဗူးများအတွက် တစ်လိပ်လျှင် ၉ ကျပ် ကောက်ယူမည် ဖြစ်သည်။ ထို့ပြင် ရောင်းဈေး ၆၀၁ ကျပ်မှ ၈၀၀ အထိရှိသော စီးကရက်ဗူးများအတွက် တစ်လိပ်လျှင် ၁၃ ကျပ်နှင့် ရောင်းဈေး ၈၀၁ ကျပ်နှင့် အထက် စီးကရက်ဗူးများအတွက် တစ်လိပ်လျှင် ၁၆ ကျပ်အထိ တစ်လိပ်ချင်းစီအလိုက် အခွန်ကောက်ခံမည် ဖြစ်သည်။

ပြည်တွင်းထုတ် ဆေးပေါ့လိပ်များကိုမူ ယခင်က ၆၀ ရာခိုင်နှုန်းသာ အခွန်ဆောင်ခိုင်းခဲ့ရာမှ ယခု ဥပဒေကြမ်းတွင် တစ်လိပ်ချင်းစီအလိုက် အခွန်ဆောင်ရမည့် စနစ်ကို ပြောင်းလဲထည့်သွင်း ပြဋ္ဌာန်းထားကာ တစ်လိပ်လျှင် ၁၀ ကျပ်အထိ တန်ဖိုးရှိပါကာ တစ်လိပ်လျှင် ပြား ငါးဆယ်နှုန်း၊ တစ်လိပ်လျှင် ၁၁ ကျပ်နှင့် အထက်ဖြစ်ပါက တစ်ကျပ်နှုန်းဖြင့် အခွန်ဆောင်ရမည် ဖြစ်သည်။

ယင်းနှုန်းထားဖြင့် ကောက်ခံမည်ဆိုပါက တစ်ဗူးချင်းစီအလိုက် ဆောင်ရမည့် ပမာဏမှာ ၁၈၀ မှ ၂၀၀ ရာခိုင်နှုန်းခန့်အထိ ဖြစ်သည်။

ယခင်က တန်ဖိုး၏ ၆၀ ရာခိုင်နှုန်းသာ အခွန်ဆောင်ရသော ဆေးရွက်ကြီးနှင့် ဗာဂျီးနီးယားပေါင်းတင်ပြီး ဆေးများကိုမူ မူလအတိုင်းသာ ပေးဆောင်စေရန် ထည့်သွင်းပြဋ္ဌာန်းထားပြီး ဆေးတံသောက်ဆေးကိုမူ ယခင် ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: