ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ကွမ်းယာအတွင်း ထည့်သွင်း စားသုံးလေ့ရှိသည့် ကွမ်းစားဆေးအမျိုးမျိုးကို တန်ဖိုး၏ ၈၀ ရာခိုင်နှုန်းအထိ အခွန်ကောက်ခံမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်း၌ ထည့်သွင်းပြဋ္ဌာန်းထားသည်။

၂၀၁၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် အခွန်အကောက်ဥပဒေတွင်မူ အထူးကုန်စည်စာရင်းဝင် ကွမ်းစားဆေးအမျိုးမျိုးကို တန်ဖိုး၏ ၆၀ ရာခိုင်နှုန်းသာ အခွန်ကောက်ခံခဲ့ရာမှ ယခု ဥပဒေကြမ်းတွင် တိုးမြှင့် ကောက်ခံရန် ထည့်သွင်းပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။

ထို့ပြင် ဆေးပြင်းလိပ်နှင့် ဆေးတံသောက်ဆေးအမျိုးမျိုးကိုလည်း ၈၀ ရာခိုင်နှုန်း အခွန်ကောက်ခံမည်ဖြစ်ကာ ယခင်ကမူ ၆၀ ရာခိုင်နှုန်းသာ ကောက်ခံခဲ့ခြင်း ဖြစ်သည်။

အထူးကုန်စည်စာရင်းဝင် အရက်နှင့် ဘီယာအမျိုးမျိုးကို ယခင်က ၆၀ ရာခိုင်နှုန်းသာ ကောက်ခံခဲ့ရမှ  ယခုဥပဒေကြမ်းမူ ဘီယာကိုမူ မူလအတိုင်း ၆၀ ရာခိုင်နှုန်းသာ သတ်မှတ်ထားပြီး အရက်ကိုမူ ရာခိုင်နှုန်းဖြင့် မဟုတ်တော့ဘဲ ပုလင်း (တစ်လီတာ) တန်ဖိုးအလိုက် ပိုင်းဖြတ်ကောက်ခံတော့မည် ဖြစ်သည်။
   
ထို့ပြင် ၀ိုင်ပုလင်းများကိုလည်း ယခင် ၅၀ ရာခိုင်နှုန်းမှ ကောက်ခံရာမှ ပုလင်း (တစ်လီတာ) တန်ဖိုးအလိုက် ပိုင်းဖြတ်ကောက်ခံတော့မည် ဖြစ်သည်။

ဆေးရွက်ကြီးနှင့် ဗာဂျီးနီးယားပေါင်းတင်ပြီး ဆေးများအပေါ် ကောက်ခံမည့် နှုန်းထားကိုမူ ယခင်အတိုင်း တန်ဖိုး၏ ၆၀ ရာခိုင်နှုန်းသာ ကောက်ခံမည်ဖြစ်ကြောင်း အသစ်ပြဋ္ဌာန်းမည့် ၂၀၁၈ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်း၌ ထည့်သွင်းရေးဆွဲထားသည်။

မြန်မာပြည်တွင်း အသုံးများသည့် ကွမ်းစားဆေး အများစုမှာ အိန္ဒိယနိုင်ငံမှ ၀င်ရောက်လာခြင်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: