ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ချင်းပြည်နယ်အတွင်း လမ်းပန်းသွားလာရေးအတွက် အရေးပါသော လမ်းတံတားများ တိုးတက်ကောင်းမွန်စေရေးအတွက် ပြည်နယ်ဘက်ဂျက်၏ ထက်ဝက်ကျော်ဖြစ်သည့် ကျပ်သန်းပေါင်း ခြောက်သောင်းကျော်ကို အသုံးပြု လုပ်ဆောင်လျက်ရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ပြောဆိုလိုက်သည်။

ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျရောက်သည့် နှစ် ၇၀ ပြည့် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဟားခါးမြို့တွင် ပြုလုပ်စဉ် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၇-၂၀၁၈ ခုနှစ် ပြည်နယ်ဘက်ဂျက်၏  ၅၅ ဒသမ ၁၂ ရာခိုင်နှုန်းဖြစ်သော ကျပ်သန်းပေါင်း ၆၈၀၀၀ ကျော်ကို လမ်းတံတားများ တိုးတက်ကောင်းမွန်ရေးအတွက် ဘက်ဂျက်ခွဲဝေချထား လုပ်ဆောင်လျက်ရှိပြီး ပြည်နယ်စုစုပေါင်း ဘက်ဂျက်မှာ ကျပ်သန်းပေါင်း ၁၂၇၈၀၈.၄၀၆ ရရှိထားသည်။

ထို့ပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ဘက်ဂျက်၏ ၁၁ ဒသမ ၅၅ ရာခိုင်နှုန်းဖြစ်သော ကျပ်သန်း ၁၄၃၀၀ ကျော်နှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူရေးအတွက် ကျပ်သန်းပေါင်း ၁၁၄၀၀ ကျော်ကို အသုံးပြုလျက် ရှိသည်။ မြို့ပြစည်ပင်သာယာရေးဆိုင်ရာလုပ်ငန်းများအတွက်ကိုမူ ဘက်ဂျက်၏ ရှစ်ရာခိုင်နှုန်းခန့်ဖြစ်သည့် ကျပ်သန်းပေါင်း ၉၅၀၀ ကျော်ကို ခွဲဝေ အသုံးပြုလျက် ရှိကြောင်း ၀န်ကြီးချုပ်၏ ချင်းအမျိုးသားနေ့ မိန့်ခွန်းတွင် ပါရှိသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: