Photo : pinterest.com
ရန်ကုန်၊ ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့လေးမြို့မှ ချင်းလူမျိုးစုများ ပူးပေါင်းကာ နှစ် ၇၀ ပြည့် ချင်းအမျိုးသားနေ့ကို တမူးမြို့တွင် ပြုလုပ်ရန် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က စီစဉ်လျက် ရှိသည်။

ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကျရောက်မည့် ချင်းအမျိုးသားနေ့အတွက် စစ်ကိုင်းတိုင်းတွင်း မြို့လေးမြို့ဖြစ်သော ကလေး၊ တမူး၊ ခမ်းပတ်နှင့် မြို့သစ်မြို့များမှ ချင်းတိုင်းရင်းသားများ စုပေါင်းကာ တမူးမြို့ရှိ ပြည်သူ့အားကစားကွင်း၌ ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။

အဆိုပါ ချင်းအမျိုးသားနေ့ပွဲတွင် မြို့လေးမြို့ရှိ ချင်းရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကာ ရိုးရာဝတ်စားဆင်ယင်မှု ပြပွဲ ပြိုင်ပွဲများ၊ ပြခန်းများ၊ ခေတ်ပေါ် ရိုးရာတေးသရုပ်ဖော်ကပွဲများ ပါဝင်မည် ဖြစ်သည်။

ယင်းအထိမ်းအမှတ်ပွဲကို ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၀ ရက်အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး ၂၀၁၇ ကလည်း မြို့လေးမြို့ရှိ ချင်းလူမျိုးစုများ စုပေါင်းကာ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်ရှိ အထက (၂) ကစားကွင်းတွင် ပြုလုပ်ခဲ့သေးသည်။

ချင်းပြည်နယ်အဆင့် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်ပွဲကို ချင်းပြည်နယ် ဟားခါးမြို့တွင် ပြုလုပ်ရန် စီစဉ်လျက်ရှိကာ ယမန်နှစ်ကမူ ဖလမ်းမြို့တွင် ပြုလုပ်ခဲ့သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: