ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ပဲခူးတိုင်း ပြည်မြို့အနီး ဖေဖော်ဝါရီ ၁၄ ရက် နေ့လယ် ၂ နာရီခန့်က ပြင်းအား ၄.၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်လိုက်သည်။

ပြည်မြို့ အရှေ့တောင်ဘက် ကိုးမိုင်ခန့်အကွာကို ဗဟိုပြုလျက် နေ့လယ် ၁ နာရီ ၄၄ မိနစ်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ ပြင်းအား ၄.၉ အဆင့်ရှိသည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ဖေဖော်ဝါရီလအတွင်း လှုပ်ခတ်ခဲသည့် ငလျင်များအနက် ယခု ငလျင်မှာ ကိုးကြိမ်မြောက် ငလျင် ဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းများကလည်း ပဲခူးတိုင်း ဖြူးမြို့နယ်အနီးတစ်ဝိုက်တွင် ငလျင် သုံးကြိမ် လှုပ်ခတ်ခဲ့သေးသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: