ရန်ကုန်၊ မတ် ၂၉

နိုင်ငံတကာ အဆင့်မီ သတင်းမီဒီယာသမားများ ပေါ်ထွန်းလာစေရေးအတွက် သတင်းမီဒီယာကျောင်းများကို အစိုးရအနေဖြင့် ဖွင့်လှစ်သွားရန် အစီအစဉ်ရှိပါကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်လှထွန်းက ယနေ့ ပြောဆိုလိုက်သည်။

မတ်လ ၂၉ က ပြည်သူ့လွှတ်တော်၌ ပြုလုပ်သည့် အစည်းအဝေးတွင် အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာက “နိုင်ငံတကာအဆင့်မီ သတင်းမီဒီယာသမားများ ပေါ်ထွန်းလာစေရေအးတွက် သတင်းမီဒီယာကျောင်းများ ဖွင့်လှစ်ရန် အစီအစဉ် ရှိ-မရှိ” မေးခွန်းနှင့် ဆက်စပ်၍ ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွင်း ထူးချွန်ထက်မြက်ပြီး နိုင်ငံတကာအဆင့်မီ သတင်းသမားကောင်းများ မျိုးဆက်မပြတ် ပေါ်ထွန်းလာရေးအတွက် ရေတို ရေရှည်စီမံကိန်းများ ချမှတ်ကာ သတင်းမီဒီယာကျောင်းများ ဖွင့်လှစ်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးစွာ တင်ပြလိုပါတယ်။”ဟု ပြန်ကြားရေးဒုဝန်ကြီး ဦးအောင်လှထွန်းက ဖြေကြားသည်။ 

ဒေါ်သန္တာ၏ ဒုတိယမေးခွန်းဖြစ်သည့် သတင်းထောက်ကတ်များကို သတင်းမီဒီယာကောင်စီက ထုတ်ပေးရန် ရှိ၊ မရှိ နှင့် ဆက်စပ်၍လည်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်လှထွန်းက “သတင်းသမားများအား အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးရန်မှာ သတင်းမီဒီယာအဖွဲ့အစည်းများနှင့် သတင်းမီဒီယာတိုက်များ၏ တာဝန်သာဖြစ်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီအနေဖြင့် ယင်းအဖွဲ့အစည်းများနှင့် မီဒီယာတိုက်များရဲ့ လုပ်ကိုင်ဆောင်ရွက်ချက်များ ကျင့်ဝတ်နှင့် ညီ-မညီကိုသာ ကြီးကြပ်ရန် တာဝန်ရှိပါကြောင်း ဖြေကြားအပ်ပါတယ်” ဟု ရှင်းလင်း ဖြေကြားခဲ့သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: