ရန်ကုန်၊ မတ် ၁၆

လူမှုကွန်ရက် ဆိုရှယ်မီဒီယာများကို စောင့်ကြည့်ရန်အတွက် ၂၀၁၇ ခုနှစ်အတွင်း အရေးပေါ် ရန်ပုံငွေမှ ငွေကျပ် သန်းပေါင်း ၆၄၀၀ ကျော်ကို သုံးစွဲခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောဆိုလိုက်သည်။

မတ်လ ၁၉ ရက် ပြည်ထောင်စုလွှတ်တော်တွင် သမ္မတက ပေးပို့သည့် ၂၀၁၇ ခုနှစ် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ ကျပ်သန်းပေါင်း ၆၄၂၆ သန်း ကို ဥပဒေနှင့်အညီ စောင့်ကြည့်ထိန်းကျောင်းနိုင်ရေးအတွက် အဖွဲ့ ဖွဲ့စည်းကာ ကျခံ သုံးစွဲခဲ့ခြင်း ဖြစ်သည်။

ယင်းအဖွဲ့ကို အစိုးရ ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ “ဆက်သွယ်ရေးစနစ် တစ်မျိုးမျိုး အင်တာနက် သို့မဟုတ် ဆိုရှယ်မီဒီယာကို အသုံးပြုပြီး နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နစ်နာအောင် ပြုလုပ်နေတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့အတွက်” ဟု ပို့/ဆက် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရှင်းလင်းပြောဆိုသည်။

သုံးစွဲခဲ့သည့် ငွေများမှာ ယင်းစောင့်ကြည့်ထိန်းသိမ်းနိုင်ရေးအဖွဲ့အတွက် လိုအပ်သည့် ကွန်ပျူတာကဲ့သို့သော Hardware နှင့် Software များ ၀ယ်ယူရန်အတွက် သုံးစွဲခဲ့ခြင်းလည်း ဖြစ်ပြီး နိုင်ငံတကာအဆင့်မီ ဆိုင်ဘာဥပဒေကိုလည်း ရေးဆွဲလျက်ရှိသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: