ရန်ကုန်၊ မတ် ၂၇

ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ပတ်သက်၍ အကယ်ဒမီ စန္ဒရား (ဦး)တင်ဝင်းလှိုင်က ပြောဆိုခဲ့မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို မတ်လ ၂၈ ရက်တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရုံးတွင် ပြုလုပ်မည် ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့၏ မတ်လ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သော အသိပေးကြေညာချက်နှင့် စန္ဒရား တင်ဝင်းလှိုင်သို့ အိတ်ဖွင့်ပေးစာတို့နှင့် ပတ်သက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်း Studio (A) ၌ ပြုလုပ်မည်ဖြစ်ကာ ပြည်တွင်း ပြည်ပမီဒီယာများကို သတင်းရယူနိုင်ရန် ဖိတ်ကြားထားပြီးဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မတ်လ ၂၆ ရက်ထုတ် အစိုးရသတင်းများတွင် ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများက “စန္ဒရားတင်ဝင်းလှိုင်သို့ အိတ်ဖွင့်ပေးစာ” အမည်ဖြင့် လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့က “စန္ဒရား (ဦး) တင်ဝင်းလှိုင်၏ မမှန်မကန် စွပ်စွဲပုတ်ခတ်ပြောကြားမှုများနှင့် ထပ်ဆင့်စွပ်စွဲချက်များ လုပ်ဆောင်နေကြသူများကို တည်ဆဲဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်” အမည်ဖြင့် လည်းကောင်း ဖော်ပြထားသည်။

မကြာသေးခင်က ပြုလုပ်သွားခဲ့သည့် အကယ်ဒမီဆုပေးပွဲတွင် အကယ်ဒမီဆုရခဲ့သူ စန္ဒရား (ဦး) တင်ဝင်းလှိုင်က အဆိုပါပွဲသို့ တက်ရောက်လာသည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်အား တိုင်တည်၍ ပြန်ကြားရေးဝန်ကြီးဌာနအတွင်း ဖြစ်ပွားနေသည့် ကိစ္စရပ်များကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: