ရန်ကုန်၊ မတ် ၂၁

နိုင်ငံတော်သမ္မတ ဦးထင်ကျော် နုတ်ထွက်ကြောင်း မတ်လ ၂၁ ရက်က သမ္မတရုံးမှ ကြေညာချက် ထွက်ပေါ်လာပြီးနောက် မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းမှာ အနည်းငယ် မြင့်တက်လာခဲ့ကြောင်း ပုဂ္ဂလိက ငွေလဲလှယ်ရေးလုပ်ငန်းများနှင့် ဘဏ်များ၏ ငွေလဲလှယ်နှုန်းထား ကြေညာချက် ကိန်းဂဏန်းများက ဖော်ပြလျက် ရှိသည်။

မတ်လ ၂၁ ရက်က ငွေလဲလှယ်နှုန်းမှာ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် အ၀ယ် ၁၃၃၁ ကျပ်နှင့် အရောင်း ၁၃၄၃ ကျပ်ထိ အနည်းငယ် မြင့်တက်ခဲ့ပြီး မတ်လ ၂၀ ရက်မူ အ၀ယ် ၁၃၂၈ ကျပ်နှင့် အရောင်း ၁၃၃၁ ကျပ်သာ ရှိခဲ့သည်။

ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ်၏ လူမှုကွန်ရက်တွင် ဖော်ပြထားသော ငွေလဲလှယ်နှုန်းထားများမှာလည်း နာရီပိုင်းအတွင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည်။ မတ်လ ၂၁ ရက် ၁၁ နာရီ ၅၅ မိနစ်က ထုတ်ပြန်ထားသော ငွေလဲလှယ်နှုန်းထားမှာ အ၀ယ် ၁၃၂၁ ကျပ်နှင့် အရောင်း ၁၃၂၉ ကျပ် ရှိခဲ့ပြီး နေ့လယ် ၁း၄၅ မိနစ်တွင်မူ အ၀ယ် ၁၃၂၃ ကျပ်နှင့် အရောင်း ၁၃၃၀ သို့ ပြောင်းလဲသွားသည်။

သမ၀ါယဘဏ် - CB Bank ၏ ငွေလဲလှယ်နှုန်းများမှာလည်း မတ်လ ၂၁ ရက် နေ့လယ်ပိုင်းအတွင် အပြောင်းအလဲများ ပြုလုပ်ခဲ့သည်။ မနက်ပိုင်း ၁၀ နာရီခန့်က ထုတ်ပြန်ထားသည့် ငွေလဲလှယ်နှုန်းတွင် အ၀ယ် ၁၃၂၃ ကျပ်နှင့် အရောင်း ၁၃၂၉ ကျပ် ရှိခဲ့ရာမှ နေ့လယ် ၁၁ နာရီ ၂၂ မိနစ်တွင် အ၀ယ် ၁၃၂၄.၅ ကျပ်နှင့် အရောင်း ၁၃၃၀.၅ ကျပ်သို့ ပြောင်းလဲခဲ့သည်။

ပြင်ပတွင် ဒေါ်လာနှင့် မြန်မာကျပ်ငွေ အနည်းငယ် ပြောင်းလဲမှုရှိခဲ့သော်လည်း ဗဟိုဘဏ်က ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းမှာမူ မတ်လ ၂၀ နှင့် ၂၁ ရက်တို့တွင် တစ်ဒေါ်လာလျှင် ၁၃၃၈ ကျပ်သာ သတ်မှတ်ထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: