နှစ် ၇၀ ပြည့် ချင်းအမျိုးသားနေ့ကို နေပြည်တော်၌ ပြုလုပ်စဉ် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး တက်ရောက်ခဲ့စဉ် (Photo : president-office.gov.mm)
ဟားခါး၊ မတ် ၂၉

ချင်းအမျိုးသားနေ့ကို ပြည်နယ်၏ တရားဝင် အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန်အဆိုကို မတ်လ ၂၈ ရက်က ပြုလုပ်သည့် ချင်းပြည်နယ်လွှတ်တော်၌ အတည်ပြုလိုက်ပြီ ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၀ ရက် ချင်းအမျိုးသားနေ့ကို ပြည်နယ်၏ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို မတ်လ ၂၂ ရက်က တီးတိန်မြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပူးထန်ဒိတ်ခုပ်က တင်သွင်းခဲ့ခြင်းဖြစ်ပြီးနောက် ယခုကဲ့သို့ အတည်ပြုလိုက်ခြင်း ဖြစ်သည်။

တရားဝင် ရုံးပိတ်ရက်သတ်မှတ်ရေးကိုမူ ပြည်ထောင်စုအဆင့်သို့ ဆက်လက်တင်ပြသွားရမည် ဖြစ်သည်။

ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီ ၂၀ ရက်အဖြစ် ၁၉၅၀ ခုနှစ် အောက်တိုဘာလ ၉ ရက်တွင် ပြုလုပ်ခဲ့သော ချင်းရေးရာကောင်စီ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် သတ်မှတ်ခဲ့ခြင်းဖြစ်ကာ ၁၉၅၁ တွင် ပထမဦးဆုံး ချင်းအမျိုးသားနေ့ကို မင်းတပ်မြို့၌ ကျင်းပခဲ့သည်။ ယင်းနောက် ၁၉၈၈၈ ခုနှစ် နောက်ပိုင်း ကျင်းပနိုင်ခြင်း မရှိတော့ဘဲ ပြည်နယ်အဆင့် အမျိုးသားနေ့အဖြစ်သာ ၂၀၁၃ ခုနှစ်မှစ၍ ပြန်လည်ကျင်းပလာနိုင်ခဲ့ခြင်း ဖြစ်သည်။
အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: