ရန်ကုန်၊ မတ် ၂၃

မီတာဘောက် အသစ် တပ်ဆင်မည်ဆိုပါက မြို့နှင့် ကျေးရွာအလိုက် တည်နေရာအပေါ် မူတည်၍ ကျပ် ၄၅၀၀၀ မှ ၉၀၀၀၀ အထိသာ ကျသင့်တော့မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ကြေညာထားသည်။

ဧပြီလ ၁ ရက်မှစ၍ စတင်ကျင့်သုံးမည့် ယင်းကြေညာချက်တွင် ကျေးလက်ဒေသသုံးအတွက် ကျပ် ၄၅၀၀၀၊ မြို့ငယ်သုံးအတွက် ကျပ် ၇၅၀၀၀ နှင့် မြို့ကြီးသုံးမီတာဘောက်အတွက် ကျပ် ၉၀၀၀၀ သာ ကျသင့်မည်ဟု ဖော်ပြထားသည်။

ကုန်ကျစရိတ်များတွင် အိမ်သုံးမီတာကြေး အပါအ၀င် အခြားကုန်ကျစရိတ် ခေါင်းစဉ်ဖြင့် အာမခံစဘော်ကြေး၊ ကြိုးသွယ်ခ၊ မီးဆက်ခ၊ ကြီးကြပ်ခနှင့် မီတာလျှောက်လွှာ မှတ်ပုံတင်ကြေးတို့ ပါဝင်မည် ဖြစ်သည်။

ယင်းသို့ ပြောင်းလဲကျင့်သုံးရခြင်းမှာ အစိုးရ၏ မီတာလေးမျိုးမူဝါဒအရ ပြုလုပ်ခြင်းဖြစ်ကာ မီတာလေးမျိုးမှာ ယူနစ် ၅၀ ၀န်းကျင်သာ အသုံးပြုနိုင်သော ကျေးလက်မီတာ၊ ယူနစ် ၁၀၀ သုံး မြို့ငယ်မီတာ၊ မြို့ကြီးသုံးမီတာနှင့် ပါဝါမီတာတို့ ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: