Map Application တွေနဲ့ ပတ်သက်ရင် Google က ထုတ်တဲ့ Google Map Application တွေဟာ Uni Code စနစ်ကို အခြေခံထားတာကြောင့် ကိုယ့်ရဲ့ ဖုန်းနဲ့ ကြည့်တဲ့အခါ တခါတရံ Font မမှန်တာတွေ တွေ့မြင်ရတတ်ပါတယ်။ ဒါဆိုရင် Font တွေ အမှန် ပြအောင် ဘယ်လို လုပ်ကြမလဲဆိုတာ မေးခွန်းတစ်ခု ဖြစ်လာပါပြီ။

Google က ထုတ်တဲ့ Map Application ကိုမှ သုံးချင်တယ်၊ ဒါပေမဲ့ Font မှန်ချင်တယ်ဆိုရင်တော့ Google ကနေပဲ ထုတ်တဲ့ Maps Go Application ကို သုံးဖို့ လိုလာပါပြီ။ Maps Go Application ဟာ Font နဲ့ ပတ်သက်ရင် Uni Code စနစ်သုံးသုံး၊ Zawgyi စနစ်သုံးသုံး၊ စနစ် နှစ်မျိုးစလုံးမှာ အဆင်ပြေအောင်အတွက် Google ကနေ ထုတ်လုပ်ထားတာ ဖြစ်ပြီး Font တွေကို ၉၀ % အထိ မှန်ကန်စွာ ပြသနိုင်ပါတယ်။

ကဲ…ဒါဆိုရင် ဘယ်လိုမျိုး သုံးလို့ ရတယ်ဆိုတာကို ရုပ်သံအနေနဲ့ ဖော်ပြထားတာမို့ စမ်းသပ်ကြည့်လိုက်ကြရအောင်။



ZinYin (ICT Solution)
Share To:

Aung Maw

Post A Comment: