ရန်ကုန်၊ ဇွန် ၈

ပြန်ကြားရေးဝန်ကြီးနှင့် Facebook မှ တာဝန်ရှိသူများ တွေ့ဆုံပြီးနောက် Facebook Account အကောင့်ခ်အချို့ ဖျက်သိမ်းခံရမှုမှာ အစိုးရ၏ တိုက်တွန်းချက်ကြောင့် မဟုတ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

ဇွန်လ ၈ ရက် နေ့လယ်ပိုင်းက ပြန်ကြားရေးဌာန၏ Facebook လူမှုကွန်ရက်စာမျက်နှာ၌ “ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်သောအဖွဲ့နှင့် Facebook မှ Vice President နှင့် အဖွဲ့ တွေ့ဆုံခဲ့သည့် သတင်းနှင့် ပတ်သက်၍ ရှင်းလင်းခြင်း” ဖြင့် ရှင်းလင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

“ယခုအခါ ပြန်ကြားရေးဝန်ကြီးဌာနနှင့် Facebook မှ Vice President အဖွဲ့တို့ တွေ့ဆုံမှု သတင်းကို မဟုတ်မမှန် ချဲ့ကားပြီး လုပ်ကြံသတင်းဖြန့်ချိမှုအဖြစ် Excellent news agency Facebook က ရေးသားထားသည်ကို တွေ့ရှိ ရသည့်အတွက် ယင်းတို့ လွှင့်တင် ထားသည့် သတင်းမှားယွင်းကြောင်း ရှင်းလင်းရန် နည်းလမ်းအမျိုးမျိုးဖြင့် ဆက်သွယ်ခဲ့ရာ ပြန်လည်ဖြေကြားခြင်းနှင့် တုန့်ပြန်ဖြေရှင်းမှု တစုံတရာ ပြုလုပ်ခဲ့ခြင်းမရှိခဲ့ပါ။ ပြန်ကြားရေးဝန်ကြီးဌာန၏ မူလတာဝန်များတွင် လူမှုကွန်ယက်ပေါ်တွင် ဖော်ပြသည်များကို စောင့်ကြည့်လေ့လာခြင်း၊ ထိန်းသိမ်းကြပ်မတ်ခြင်း၊ တားဆီးပိတ်ပင်ခြင်းတို့ မပါဝင်ကြောင်းနှင့် ဆောင်ရွက် နေမှုလည်း မရှိပါကြောင်း ဖော်ပြအပ်ပါသည်။ သို့ဖြစ်ပါ၍ ဦးလှဆွေအပါအဝင် မြန်မာနိုင်ငံမှ Facebook Account အချို့ ပိတ်သိမ်း ခံရမှုသည် ပြန်ကြားရေးဝန်ကြီးဌာန၏ ပြောဆိုတိုက်တွန်းမှုကြောင့် မဟုတ်ပါကြောင်း သိရှိနိုင်ပါရန် ဖြေရှင်းအပ် ပါသည်” ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အစိုးရတာဝန်ရှိသူများနှင့် Facebook မှ Vice President ဦးဆောင်သည့် အဖွဲ့တို့ ဇွန်လ ၅ ရက် ညနေပိုင်းက တွေ့ဆုံမှုပြုလုပ်ခဲ့ပြီးနောက် ကြံ့ခိုင်ရေးပါတီမှ ဘူးလတ်လှဆွေ ဟု လူသိများသူ ဦးလှဆွေ အပါအ၀င် အစိုးရအား ဝေဖန်တိုက်ခိုက်မှုများ လုပ်နေသည့် Facebook အကောင့်ခ်အချို့ ဖျက်သိမ်းခံခဲ့ရခြင်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: