Photo : thegardenisland.com
ရန်ကုန်၊ ဇွန် ၁၃

ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်မှုများအပေါ် မှားယွင်းသုံးသပ် ဝေဖန်ခဲ့သော Bullet News Journal ပိုင်ရှင် ဦးလှဆွေဖြင့် နောက်နောင် မဟုတ်မမှန် မှားယွင်းရေးသားခြင်းများ ပြုလုပ်တော့မည်မဟုတ်ပါကြောင်း ၀န်ခံကတိပြုလိုက်ရပြီ ဖြစ်သည်။

မေလ ၁၇ ရက်ထုတ် ဘူးလတ်ဂျာနယ်တွင် ဆောင်းပါးရှင် ဦးလှဆွေက “၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအကြို ဟောကိန်း ဘုလတ်မှာတမ်း” ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသားဖော်ပြရာတွင် မှားယွင်းသုံးသပ်မှုများ ထည့်သွင်း ရေးသားခဲ့သည့်အတွက် ဇွန်လ ၁၂ ရက်တွင် ကော်မရှင်တာဝန်ရှိသူများက ခေါ်ယူတွေ့ဆုံခဲ့ကာ ယခုကဲ့သို့ ၀န်ခံကတိပြုလုပ်ခိုင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆောင်းပါးတွင် “၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဘက်ဂျက်လျာထားချက် ခွင့်ပြုငွေ ကျပ်သန်း ၁၆၀၀ တွင် ကျပ်သိန်းပေါင်း ၆၁၆၀ အပို တင်ထားသလို ဖြစ်နေသည်”၊ “ရွေးကော်ကပွဲကော်မရှင်၌ NLD ပါဝတီဝင်တစ်ဦး လျာထားရာတွင် ကော်မရှင်အဖွဲ့ဝင်တစ်ဦး၏ အရည်အချင်းနှင့် မကိုက်ညီ၍ တပ်မတော်မှ ကန့်ကွက်ခဲ့သည်”၊ “ကော်မရှင်သည် USDP ပါတီနှင့်တကွ နိုင်ငံရေးပါတီ ၁၃ ခုက လက်မှတ်ရေးထိုး ကန့်ကွက်လွှာ တင်သွင်းခဲ့သည်ကို ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုခုံရုံးဖွဲ့စည်း၍ ကြားနာစစ်ဆေးဆုံးဖြတ်ခြင်း မပြုလုပ်ခဲ့” ဟု မှားယွင်းသုံးသပ်ခြင်း၊ မဟုတ်မမှန် မှားယွင်းဖော်ပြခဲ့ခြင်းတို့ကြောင့် နောက်နောင် ယင်းသို့ ရေးသားခြင်းမပြုတော့ပါကြောင်း ၀န်ခံကတိပြုလုပ်ခံခဲ့ရခြင်း ဖြစ်သည်။

ထို့ပြင် လာမည့် ဇွန်လ ၁၄ ရက် (မနက်ဖြန်) တွင် ထွက်ရှိသည့် Bullet News Journal စာမျက်နှာ ၁၅ အပေါ်ပိုင်းတွင်လည်း မှားယွင်းရေးသားမှုများအတွက် ပြန်လည်တောင်းပန်သည့်စာကိုလည်း ထည့်သွင်း ဖော်ပြပေးရမည် ဖြစ်သည်။

ဘူးလတ် ဟု လူသိများသည် ဦးလှဆွေသည် NLD အပါအ၀င် အစိုးရ၏ လုပ်ဆောင်မှုများကို ဝေဖန်တိုက်ခိုက်နေသူတစ်ဦးဖြစ်ကာ မကြာသေးခင်ကလည်း ၎င်း၏ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာမှာလည်း ပိတ်သိမ်းခြင်း ခံထားရသူ ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: