ရန်ကုန်၊ ဧပြီ ၁၇

မြန်မာ့ရိုးရာ နှစ်သစ်ကူး အခါသမယ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံနေရသူ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား စုစုပေါင်း ၈၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာတွင် မူးယစ်ဆေးဝါးမှုဖြင့် ကျခံနေရသူပေါင်း ၆၃၀၀ ကျော်အထိ ပါဝင်နေကြောင်း တွေ့ရသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးခံရသူများတွင် မြန်မာနိုင်ငံသား ၈၄၉၀ နှင့် နိုင်ငံခြားသား ၅၁ ဦးတို့ ပါဝင်ပြီး မူးယစ်ပုဒ်မ (၁၅) ဖြင့် ပြစ်ဒဏ်ကျသူ ၁၄၆၂ ဦး၊ မူးယစ်ပုဒ်မ ၁၆ (ဂ) ဖြင့် ပြစ်ဒဏ်ကျခံရသူ ၃၂၂၀ ဦး၊ မူးယစ်ပုဒ်မ ၁၅/၁၆ (ဂ) ဖြင့် ပြစ်ဒဏ်ကျခံရသူ ၁၆၈၀ ဦး၊ စုစုပေါင်း မူးယစ်မှုဖြင့် ပြစ်ဒဏ်ကျခံရသူ စုစုပေါင်း ၆၃၆၂ ဦး ဖြစ်သည်။

နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည့် လွတ်ငြိမ်းချမ်းသာခွင့်စာရင်းတွင် လွတ်ငြိမ်းခွင့်ပေးသည့် လူဦးရေကိုသာ ဖော်ပြထားသော်လည်း လွတ်မြောက်သူများမှာ မည်သည့်ပြစ်မှုမျိုးဖြင့် ကျခံနေရသူများ ဖြစ်ကြောင်းကို နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက ၎င်း၏ လူမှုကွန်ရက် ဖေ့ဘုတ် စာမျက်နှာ၌ ရေးသားထားခြင်း ဖြစ်သည်။

အခြားလွတ်ငြိမ်းချမ်းသာခွင့် ရသူများမှာ တပ်မတော်အက်ဥပဒေဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၁၈၈၀ ဦး၊ ရဲစည်းကမ်းထိန်းသိမ်းရေး ပြစ်ဒဏ်ကျသူ ၁၄၁ ဦး၊ အသက် ၈၀ နှစ်နှင့်အထက် ၂၇ ဦး၊ အသက် ၇၅ နှစ်မှ ၈၀ အကြား ၂၉ ဦး၊ ကျန်းမာရေး မကောင်းသူ ၁၄ ဦး၊ နိုင်ငံရေးအကျဉ်းသား ၃၆ ဦး၊ လ၀က အက်ဥပဒေ ၁၃ (၁) ဖြင့် ကျခံနေရသူ နိုင်ငံခြားသား ၄၄ ဦး၊ နိုင်ငံသား အကျဉ်းသူ တစ်ဦးနှင့် ဗီယက်နမ်နိုင်ငံသား ရှစ်ဦး၊ အခြားအကျဉ်းသား ခုနစ်ဦးတို့ဖြစ်ကြောင်း ဦးဇော်ဋ္ဌေးက “ယနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူ (Edited Update)” အမည်ဖြင့် ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: