Photo : Yangon Police's Facebook
ရန်ကုန်၊ ဧပြီ ၂၅

ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးထိုင်ရာ လွှတ်တော်ဝင်းအတွင်း M-150 အချိုရည်ပုလင်း အသုံးပြုကာ ပေါက်ကွဲမှု ဖြစ်စေခဲ့မှုဖြင့် ပြစ်မှုကျူးလွန်းသူ ကိုရွှေ (ခ) ခင်မောင်ရွှေ (ခ) ရာကွက်နှင့် စိုးဝင်း (ခ) မိုဟာမက်အလီတို့ နှစ်ဦးကို ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ပေါက်ကွဲစေတတ်သော ၀တ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၃ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ဦးစီ ချမှတ်လိုက်ပြီ ဖြစ်သည်။

အဆိုပါ ပေါက်ကွဲမှုမှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် ညနေပိုင်းက ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ နှစ်ဦးနှင့်အတူ စိုးမင်းဇော် (ခ) သားငယ်နှင့် ရာစင် (ခ) ကျော်သူတို့ကို တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ကျန်နှစ်ဦးမှာ အမှုမထင်ရှားသည့်အတွက် ရာဇ၀တ်ကျင့်ထုံးပုဒ်မ ၂၅၈ (၁) အရ အမှုမှ အပြီးအပြတ်လွှတ်ပေးခဲ့ပြီး ဖြစ်သည်။

ထောင်ဒဏ် ၁၀ နှစ်စီ ကျခံရသူ နှစ်ဦးအနက် ကိုရွှေ (ခ) ခင်မောင်ရွှေ (ခ) ရာကွက်မှာ ၂၀၁၆ ခုနှစ် ဇွန်လ ၁၇ ရက်က မရမ်းကုန်းမြို့နယ်၊ ပြည်လမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ အိုးရှင်းစူပါစင်တာ ရေအိမ်အတွင်း M-150 အချိုရည်ပုလင်း အသုံးပြုကာ ပေါက်ကွဲမှုဖြစ်ပွားအောင် လုပ်ဆောင်ခဲ့မှုအတွက် ပေါက်ကွဲစေတတ်သော ၀တ္ထု ပစ္စည်းများ အက်ဥပဒေပုဒ်မ (၃) ဖြင့်ပင် ထပ်မံ တရားစွဲခံထားရသူဖြစ်သည်။ ယင်းကျူးလွန်မှုအတွက် အမှုကို လက်ခံစစ်ဆေးနေသည့် အနောက်ပိုင်းခရိုင် တရားရုံးမှပင် ၎င်းအား အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံရန် အတွက် ၂၀၁၇ ခုနှစ် ဧပြီလ ၂၅ ရက်တွင် အမိန့်ချမှတ်လိုက်သည့်အတွက် ကိုရွှေ (ခ) ခင်မောင်ရွှေ (ခ) ရာကွက်မှာ နှစ်မှုပေါင်းအတွက် အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ ကျခံရမည် ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: