ရန်ကုန်၊ ဧပြီ ၂၁

အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ပြည်သူများ လှူဒါန်းငွေမှာ ကျပ်သိန်းပေါင်း ၁၁၅၀၀ ကျော် ရှိလာပြီ ဖြစ်သည်။

ဧပြီလ ၂၀ ရက်က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လောက်ကိုင်ဒေသမှ ဦးလီကျိန်းချန်(ခ) ဦးလျှိုအားပေါက်က ကျပ်သိန်း ၃၀၀ နှင့် သုဓမ္မမဏိဇောတဓရ ဘွဲ့ရ ဦးမောင်မောင်တို့က ကျပ်သိန်း ၁၀၀ တို့ကို လှူဒါန်းခဲ့ပြီးနောက် အရပ်ရပ် လှူဒါန်းငွေပေါင်း ၁၁၅၇၇ သိန်းအထိ ရှိလာခဲ့ခြင်း ဖြစ်သည်။

လှူဒါန်းငွေများမှာ ယခင် အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှ လွှဲပြောင်းရရှိငွေ ၈၄၇၂ သိန်း၊ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး ပထမအကြိမ် လှူဒါန်းငွေမှ ကျပ်သိန်း ၂၇၀၅ သိန်းနှင့် ဧပြီလ ၂၀ ရက်က လှူဒါန်းငွေ ကျပ်သိန်း ၄၀၀ ဖြစ်သည့်အတွက် စုစုပေါင်း ကျပ်သိန်းပေါင်း ၁၁၅၇၇ သိန်းအထိ ရှိလာခြင်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: