ရန်ကုန်၊ မတ် ၁၀

အမျိုးသားလွှတ်တော် အစုအဖွဲ့၏ သမ္မတလောင်းအဖြစ် NLD ပါတီ ချင်းပြည်နယ် မဲဆန္ဒနယ် (၃) မှ ဦးဟင်နရီဗန်ထီးယူနှင့် ကြံ့ခိုင်ရေးပါတီဘက်မှ ယခင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့အား မတ်လ ၁၀ ရက်တွင် ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမည်စာရင်း တင်သွင်းလိုက်ပြီ ဖြစ်သည်။

ချင်းပြည်နယ်မှ ဦးဟင်နီရီဗန်ထီးယူမှာ အသက် ၅၈ နှစ်အရွယ်ရှိသူ စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည်။

၎င်းနှင့် အပြိုင် အမည်စာရင်း တင်သွင်းခံရသူ ဦးခင်အောင်မြင့်မှာ စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ဦးသိန်းစိန် အစိုးရလက်ထက် ပထမဆုံး ပြည်ထောင်စုလွှတ်တော် နာယကနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: