နိုင်ငံသားပိုင် ဘဏ္ဍာဆိုသည်မှာ ပြည်သူက အစိုးရယန္တရား လည်ပတ်စေရန် ပေးသွင်းသည့် အခွန်ကိုသာမက နိုင်ငံ့သယံဇာတများမှ ရရှိသော ဘဏ္ဍာငွေကိုလည်း ဆိုလိုပေသည်။ နိုင်ငံသားပိုင် ဘဏ္ဍာအား အလွဲသုံးစားလုပ် ဖြုန်းတီးနေသူများမှာ ပြည်သူများ ပါဝင်သလို အစိုးရအဖွဲ့ဝင်များလည်း ပါဝင်ပေသည်။

ပြည်သူများ ဖြုန်းတီးသည်ဆိုရာတွင် ပြည်သူ့အကျိုးအလို့ငှာ လုပ်ဆောင်ပေးနေသည့် အစိုးရ၏ ၀န်ဆောင်မှုများအား စည်းကမ်းမဲ့ဖျက်ဆီးခြင်း၊ အခွန်ဘဏ္ဍာ မပေးဆောင်ခြင်း စသည်တို့ ပါဝင်ပေသည်။ အစိုးရအဖွဲ့ဝင်များက ဖြုန်းတီးသည်ဆိုရာတွင် အကျင့်ပျက် ခြစားခြင်း၊ အခွင့်အာဏာသုံး၍ တစုံတရာ ရယူနေခြင်း စသည်တို့ ပါဝင်ပေသည်။

ပြည်သူကို မျက်နှာမူသည့် ဒီမိုကရေစီ အစိုးရတိုင်းသည် ပြည်သူပိုင် ဘဏ္ဍာအား ဖြုန်းတီးနေသူများကို ကာကွယ်တားဆီးရန် အထူးလိုအပ်ပေသည်။ ယင်းတို့ ကာကွယ်နိုင်ခြင်း ရှိခြင်း၊ မရှိခြင်းမှာ အစိုးရတစ်ရပ်၏ အရည်အချင်းပင် မည်၏။
Photo by pinterest.com
ကိုးကား - ပြည်သူ့နီတိ (ပထမပိုင်း) (ဦးဘဖေ - ဘီအေ၊ ဘီအက်ဒ်)
Share To:

Aung Maw

Post A Comment: