ကလေး၊ မတ် ၁၀

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ရွှေဝါလင်း ရွှေဆိုင်အား မတ်လ ၁၀ ရက် နံနက် ၉ နာရီဝန်းကျင်ခန့်က မျက်နှာဖုံးစွပ်ထားသော ဆိုင်ကယ်စီးသမားက တူမီးသေနတ် ကိုင်ဆောင်ကာ ၀င်ရောက် လုယက်မှုတစ်ရပ် ဖြစ်ပွားခဲ့သည်။

အဆိုပါ ရွှေဆိုင်မှာ ဒေါ်ခင်လင်း၊ ဒေါ်လှလှဆွေ ပိုင်ဆိုင်သော ရွှေဆိုင်ဖြစ်ပြီး ဆိုင်ကယ်ဦးထုပ် ဆောင်းထားသူ (ခန့်မှန်းခြေ အသက် ၄၅ နှစ်) ခန့်က ရွှေများ ထည့်ထားသည့် မှန်ဘောင်အား ရိုက်ခွဲကာ လုယက်သွားခြင်းဖြစ်ပြီး ရွှေချိန် ၅၀ ကျပ်သားခန့် ဆုံးရှုံးခဲ့သည်။

“သူက တစ်ယောက်တည်း လာတယ်။ တူမီးသေနတ် ပါတယ်။ နေကာမျက်မှန်ပါတယ်။ မျက်နှာကို မသိအောင်။ ပြီးတော့ အင်္ကျီ၊ ဘောင်းဘီ အနက်ပေါ့။ ဒါ ပေါ်တင်ကြီး။ ဈေးရောင်းရင်းနဲ့ ရိုက်ခွဲပြီးတော့ လစ်ပြေးသွားတာ။ အိမ်ရှင် ပြောပုံအရဆိုရင် ၅၀ သားလောက်တော့ ပါမယ်။ အကြီးတွေပေါ့။ အထုပ်တွေကို ယူသွားတယ်ပေါ့။ ပေါ်တင်ယူသွားတာ” ဟု လုယက်ခံရသူ ဆိုင်ပိုင်ရှင်၏ မိတ်ဆွေတစ်ဦးက အောက်ချင်းသတင်းအေဂျင်စီသို့ ပြောသည်။

ရွှေဝါလင်း ရွှေဆိုင်တွင် ၂၀၀၈ ခုနှစ့်ကလည်း လုယက်မှုတစ်ကြိမ် ဖြစ်ပွားခဲ့ဖူးသေးသည်။

ရွှေဝါလင်းရွှေဆိုင်ပိုင်ရှင် ဒေါ်ခင်လင်း ပြောပြတဲ့ လုယက်ခံရမှု ဖြစ...
ရွှေဝါလင်းရွှေဆိုင်ပိုင်ရှင် ဒေါ်ခင်လင်း ပြောပြတဲ့ လုယက်ခံရမှု ဖြစ်စဉ်
Posted by The Hornbill News Agency on Wednesday, March 9, 2016


အောက်ချင်းသတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: