ရန်ကုန်၊ မတ် ၁

လာမည့် အစိုးရသက်တမ်းတွင် တာဝန်ယူမည့် နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် အစည်းအဝေးများကို လာမည့် မတ်လ ၁၀ ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း မတ်လ ၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယကနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာလိုက်သည်။

ယခင်က ယင်းအစည်းအဝေးများကို မတ်လ ၁၇ ရက်တွင် စတင်ပြုလုပ်ရန် သတ်မှတ်ထားခဲ့ရာမှာ ယခုအခါ ရက်သတ္တ တစ်ပတ်တိုး၍ မတ်လ ၁၀ ရက်သို့ ရွေ့ဆိုင်းလိုက်ခြင်းလည်း ဖြစ်သည်။ လက်ရှိ အမျိုးသားနှင့် ပြည်သူ့လွှတ်တော်တွင် နေရာအများစုရထားသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဘက်ကမူ ၄င်းတို့ အမည်စာရင်းတင်သွင်းလာမည့် ဒုသမ္မတလောင်း နှစ်ဦး၏ အမည်ကို သင့်တော်သည့်အချိန်တွင် ကြေညာပေးမည်ဖြစ်ပြီး ပြောဆိုထားပြီး ဖြစ်သည်။

လွှတ်တော်အပြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကိစ္စမှာ အနှေးနှင့် အမြန်သာ ကွာခြားမည်ဖြစ်ကြောင်း သမ္မတ ဖြစ်ကို ဖြစ်ရမည်ဟု မီဒီယာများအား ပြောကြားလိုက်သည်။

အောက်ချင်း သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: