ရန်ကုန်၊ မတ် ၃၀

နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်ခြင်းခံထားရသူ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှုကို မတ်လ ၃၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားသို့ တက်ရောက်ခွင့်ရသည့် လွှတ်တော်ကိုယ်စားလှယ်များအပြင် ရွေးချယ်ခံ သမ္မတ ဦးထင်ကျော်နှင့် ဒုသမ္မတနှစ်ဦး ဖြစ်သည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအ၀င် ပြည်သူလူထု ၃၀၀၀ ကျော် တက်ရောက်လေ့လာခဲ့ကြသည်။

ယင်းနောက် ကျမ်းသစ္စာကျိန်ဆိုမှုကို ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက တိုင်ပေးကာ သမ္မတများအဖြစ် ခန့်အပ်ခံရသူများက လိုက်ပါရွတ်ဆိုကာ ကျမ်းသစ္စာကျိန်ဆိုမှု ပြုလုပ်ခဲ့ပြီးနောက် လွှတ်တော်အား မိနစ် ၂၀ ခန့် ရပ်နားခဲ့သည်။

အောက်ချင်း သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: