လူတို့တွင် မိမိ ကိုယ်ကျိုးဟူသည့် “အတ္တဟိတ” ရှိသလို အများအကျိုးအတွက်ငှာ “ပရဟိတ” လည်း ရှိပေသည်။ အတ္တနှင့် ပရ ဟူသည့် အဓိပ္ပာယ်ချင်း အကောက်အယူချင်း ကွာခြားသော်လည်း တစ်ခါတစ်ရံတွင်မူ ဆင်တူနေဟန် တူပေသည်။

ပရဟိတ လုပ်ငန်း လုပ်နေစဉ်အတွင်း ငုပ်လျှိုးနေသော အတ္တဟိတသည် ခေါင်းထောင်တတ်လေ့ ရှိသည်။ ပရဟိတလုပ်ငန်းသည် လိုအပ်ချက်များရှိနေသည့် လူထုအတွက်သာလျှင် ဖြစ်ရပေမည်။ မိမိအကျိုး၊ အဖွဲ့အစည်းအကျိုး၊ တစုံတရာအကျိုးအတွက် လုပ်ဆောင်ခြင်းငှာ မဖြစ်ထိုက်ချေ။ အကျိုးလို၍ ညောင်ရေသွန်းခြင်းမှာ အတ္တဟိတသာ ဖြစ်သည်။

ယင်းကို ထိန်းချုပ်ရန်မှာ ပရဟိတလုပ်ငန်းအပေါ်တွင် ခိုင်မာစွဲမြဲသော စိတ်ထား ထားတတ်ရန်နှင့် ပရဟိတ ဆိုသည့် စကားရပ်၏ အနက်အဓိပ္ပာယ်အား ရှင်းလင်းပြတ်သားစွာ သိရှိထားရန် လိုအပ်ပေသည်။ သို့တည်းမဟုတ်ပါက တစ်ချိန်ချိန်တွင် ပရဟိတ ဆိုသည့် မွန်မြတ်သော လုပ်ငန်းအား ကိုယ်ကျိုးဟူသည့် အတ္တဟိတမှ ၀ါးမြိုခြင်းကို ခံစားရပေလိမ့်မည်။
Photo by stuartmcmillen.com
Share To:

Aung Maw

Post A Comment: