ကလေး၊ မတ် ၇

မြို့နယ် စည်ပင်ဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် ကလေးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ရွေးချယ်ပွဲကို မတ်လ ၇ ရက်က ကလေးမြို့နယ်၊ မျြို့တော်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ဦးသောင်းရွှေ (အောင်မြေမာန်) မှ ဆန္ဒမဲ အများဆုံးဖြင့် ရွေးချယ်ခံလိုက်ရပြီ ဖြစ်သည်။

အဆိုပါ စည်ပင်ဥက္ကဋ္ဌ ရွေးချယ်ပွဲတွင် ဦးသောင်းရွှေ (အောင်မြေမာန်)၊ ဦးခေါသွလာ (တာဟန်း)၊ ဦးလှဝင်း (မြို့သာ)၊ ဦးလားကျန်းလျံနာ (တာဟန်း)၊ ဦးငူလ်ဒိုတွောင် (သဇင်၊ တပ်ဦး)၊ ဦးလျန်နောင် (အင်ဒိုင်းကုန်း)၊ ဦးကျော်ဆန်း (တောင်ဇလပ်)၊ ဦးငွန်ထန်အုပ် (တောင်ဖီလာ) တို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

ပါဝင်ယှဉ်ပြိုင်သူများအား မြို့ပေါ်ရပ်ကွက် ၁၉ ခုမှ တစ်ရပ်ကွက်လျှင် မဲ ၃၀ နှုန်းဖြင့် ဆန္ဒမဲ ပေးခဲ့ကြရာ ဦးသောင်းရွှေ (အောင်မြေမာန်) မှာ မဲစုစုပေါင်း ၂၆၂ မဲဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္က...
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌအဖြစ် အရွေးချယ်ခံခဲ့ရသူ ဦးသောင်းရွှေရိုက်ကူး - ပိုင်စိုး
Posted by The Hornbill News Agency on Sunday, March 6, 2016
ရိုက်ကူး - ပိုင်စိုး
Share To:

Aung Maw

Post A Comment: